မကွေးကုန်စည်ဒိုင်၌ ဩဂုတ်လ ဒုတိယအပတ်တွင် မိုးမြေပဲများစျေးကောင်းရနေကြောင်း သိရှိရပါသည်။ ဩဂုတ်လပထမအပတ်တွင် မြေပဲဆံ တစ်ပိဿာလျှင် (၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ရာမှ ယခုဒုတိယအပတ်တွင် မြေပဲဆံ(၁)ပိဿာလျှင် (၅၀၀၀)ကျပ်ဖြစ်၍ (၁၀၀၀)ကျပ်ခန့် စျေးနှုန်း မြင့်တက်လာကြောင်း သိရသည်။
မကွေးကုန်စည်ဒိုင်သို့ မြေပဲတောင့်နှင့် မြေပဲဆံအများစုသည် နယ်စုံမှ ဝင်ရောက်လျှက်ရှိသည့်အပြင် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှလည်း ဝင်ရောက်လျှက်ရှိကြောင်း သိရှိရသည်။ မြေပဲဆံများကို ဒေသတွင်း ဆီစက်လုပ်ငန်းရှင်၊ မုန့်လုပ်ငန်းရှင်များနှင့် မြေပဲဆားလှော်လုပ်ငန်းရှင်များမှ ဝယ်ယူလျှက်ရှိပြီး ဩဂုတ်လ ဒုတိယအပတ်အတွင်း မြေပဲဆံတန်ချိန်(၃၅၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မကွေးကုန်စည်ဒိုင်မှ လေ့လာသိရှိရပါသည်။
DOCA(မကွေး)