Main menu

ပန်းတောင်းမြို့နယ်တွင် စားသုံးသူပြည်သူများသို့ စားအုန်းဆီများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချ

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ ပန်းတောင်းမြို့နယ် ကြခတ်ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား စားသုံးသူပြည်သူများအား (၄.၈.၂၀၂၂)ရက်နေ့တွင်တစ်ကြိမ် ၊ ၉.၈.၂၀၂၂ရက်နေ့တွင် မင်းရပ် ရပ်ကွက် ၊ သူရဲဇီးကျေးရွာတွင် တစ်ကြိမ် စားအုန်းဆီများ အား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျှက်ရှိပါသည်။

           ထိုသို့ စားအုန်းဆီများအား ပြည်ခရိုင်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချပေးလျှက်ရှိရာ တစ်ပိဿာလျှင် (၃၈၅၀)ကျပ်နှုန်းဖြင့် ပိဿာချိန် (၉၉၀)ကို ရောင်းချပေးခဲ့ရာ စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး၊ ပန်းတောင်းမြို့နယ်တာဝန်ခံရုံးမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများမှ စားအုန်းဆီရောင်းချနေမှုအား ပူးပေါင်းပါဝင် ကြီးကြပ် ဆောင်ရွက်ခဲ့ပါသည်။

DOCA(ပဲခူး)