Main menu

“ မိတ္ထီလာခရိုင်အတွင်း ဆီထွက်သီးနှံ နေကြာတိုးချဲ့စိုက်ပျိုးနေ”

Powered by Drupal

        မိတ္ထီလာခရိုင်အတွင်း မိုးနေကြာကို ဇွန်လအတွင်း စတင်စိုက်ပျိုးရာ စိုက်ဧကအနေနှင့် ဧက (၈၀၀)ခန့်ရှိပြီး ယခင်နှစ်ထက်(၄)ဆခန့် ပိုလာကြောင်း ၊ နေကြာ သီးနှံကို စီမံကိန်းချမှတ်၍ တိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် မျိုးစေ့ ၊ သွင်းအားစုထောက်ပံ့ခြင်းများကို စိုက်ပျိုးရေး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း၊ ဇွန်လအတွင်း စိုက်ပျိုးခဲ့သော နေကြာသီးနှံမှာလည်း ယခုအခါ အောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး အချို့သော စိုက်ခင်းများ ရိတ်သိမ်းရန် အသင့်ဖြစ်လျက် ရှိကြောင်း၊ ဒေသအနေနှင့် စားသုံးဆီသုံးစွဲမှုများပြီး ယခုအခါ စားသုံးဆီစျေးများ မြင့်တက်လျက်ရှိခြင်း၊ ယခုလက်ရှိထွက်ပေါ် နေသော ဆီထွက်သီးနှံ မိုးနှမ်း နှမ်းညိုတစ်တင်း (၁၅ ပိဿာ)လျှင် (၆၀၀၀၀)ကျပ်ဖြင့်စျေးကောင်းရရှိနေခြင်းတို့ကြောင့် တောင်သူများအနေဖြင့် ဆောင်းနေကြာကိုလည်း ထပ်မံစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ လက်ရှိဖြစ်ပေါ်နေသော စားသုံးဆီစျေးများမှာ နေကြာဆီ၊ စားအုန်းဆီတို့မှာ (၉၂၀၀) ရှိကြောင်း စျေးကွက်မှသိရသည်။

DOCA(မန္တလေး)