Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
27 Jul 2022

               ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မိုးနှမ်းများ စတင်စိုက်ပျိုးနေပြီး ပေါက်ခေါင်းမြို့နယ်အနေဖြင့် မိုးနှမ်းစိုက်ဧကမှာ (၃၈၀၄၆) စိုက်ပျိုးပြီးဖြစ်ပါသည်။

27 Jul 2022

                   တောင်ငူခရိုင် ဖြူးမြို့နယ်တွင် သီးမွှေးငှက်ပျော၊ ဖီးကြမ်းငှက်ပျောနှင့် ရခိုင်ငှက်ပျောများကို စိုက်ပျိုးကြရာတွင် ဈေးကွက်အတွင်း သီးမွှေးငှက်ပျောမှာ ဈေးကောင်းရလျှက်ရှိပါသည်။ ငှက်ပျောသီးကို စားသုံးမှုအတွက်သာမကဘဲ မြန်မာ့ယဉ်ကျေးမှုအရ ဘုရားပွဲ၊ နတ်ပွဲများတွင်လည်း အသုံးပြုကြ သဖြင့် ဈေးကွက်ခိုင်မာသော သစ်သီးဝလံတစ်မျိုးဖြစ်ပါသည်။

27 Jul 2022

            ညောင်လေးပင်မြို့နယ်၏ စပါးဈေးနှုန်းများအနေဖြင့် ဇူလိုင်လတတိယပတ်တွင် မိုးစပါးပေါင် (၄၆) တင်း ၁၀၀ လျှင် ၈၅၀၀၀၀ကျပ် ဖြစ်ပြီး၊ နွေစပါးပေါင် (၄၆) တင်း ၁၀၀လျှင် ၇၇၀၀၀၀ကျပ်၊ ဆန် တစ်အိတ် ထိပ်စလျှင် ၃၃၅၀၀ ကျပ်၊  ဆန်အလတ်စ  ၃၂၀၀၀ကျပ်၊ ဆန်ကွဲကြီး တစ်အိတ်လျှင် ၃၁၀၀၀ကျပ်၊ ဆန်ကွဲအသေး တစ်အိတ်လျှင် ၃၀၅၀၀ကျပ် ၊ ဖွဲနု တစ်အိတ်လျှင် ၁၇၅၀၀ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

27 Jul 2022

               မိတ္ထီလာခရိုင်အတွင်း ရာသီဥတုအခြေအနေကြောင့် နွေးစပါးစိုက်ပျိုးမှုမရှိဘဲ မိုးစပါးကိုသာ စိုက်ပျိုးသော်လည်း ဆန်စက်များအနေဖြင့် တစ်နှစ်ပတ်လုံး ကြိတ်ခွဲနိုင်ကြောင်းသိရသည်။ မိတ္ထီလာခရိုင်အတွင်း နှစ်စဉ်မိုးစပါး ဧက (၅) သောင်းကျော် စိုက်ပျိုးသော ဝမ်းတွင်းမြို့နယ်ရှိ ဆန်စက်များမှာ နဝလီ (အငှား) ကြိတ်ခွဲသည့် ဆန်စက်နည်းကြောင်း သိရသည်။ ဝမ်းတွင်းမြို့နယ်ရှိ ဆန်စက်အများစုမှာ ၎င်းတို့ ကြိတ်ခွဲရန်လိုအပ်သောစပါးကို ဝယ်ယူစုဆောင်းထားလေ့ရှိရာ ယခုအခါစပါးပေါက်စျေးအနေဖြင့် မိုးစပါးအဟော

27 Jul 2022

           မိတ္ထီလာခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုနေသောသွင်းအားစုများဖြစ်သည့် ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးစျေးနှုန်းများမှာ သြဘာပုလဲမြေသြဇာ N:46% (၈၉၀၀၀) ကျပ်၊ (ရွှေတောင်အိန္ဒိယ) ပန်းဖြူ N:46% မှာ (၉၉၀၀၀) ကျပ်နှင့် အမို N:P:K-15:15:15 မှာ (၁၀၇၀၀၀) ကျပ်၊ သြဘာ N:P:K-16:16:16 မှာ (၁၀၇၀၀၀) ကျပ်၊ အာမို N:P:K-10:10:5 မှာ (၇၀၀၀၀) ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ မှိုဆေးနှင့် ပိုးသတ်ဆေးများမှာ မန်ကိုဇက် (၁ kg) (၁၄၀၀၀) ကျပ်၊ ယူနတီ (၁၀၀ CC) (၉၇၀၀၀) ကျပ်၊ အင်မီဒါကလိုပစ်

Pages