Main menu

ညောင်လေးပင်နှင့် ဒိုက်ဦးမြို့နယ်၏ စပါး၊ ဆန်ဈေးနှုန်း ဈေးကွက်အခြေအနေ

Powered by Drupal

            ညောင်လေးပင်မြို့နယ်၏ စပါးဈေးနှုန်းများအနေဖြင့် ဇူလိုင်လတတိယပတ်တွင် မိုးစပါးပေါင် (၄၆) တင်း ၁၀၀ လျှင် ၈၅၀၀၀၀ကျပ် ဖြစ်ပြီး၊ နွေစပါးပေါင် (၄၆) တင်း ၁၀၀လျှင် ၇၇၀၀၀၀ကျပ်၊ ဆန် တစ်အိတ် ထိပ်စလျှင် ၃၃၅၀၀ ကျပ်၊  ဆန်အလတ်စ  ၃၂၀၀၀ကျပ်၊ ဆန်ကွဲကြီး တစ်အိတ်လျှင် ၃၁၀၀၀ကျပ်၊ ဆန်ကွဲအသေး တစ်အိတ်လျှင် ၃၀၅၀၀ကျပ် ၊ ဖွဲနု တစ်အိတ်လျှင် ၁၇၅၀၀ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

          ထို့အတူ ဒိုက်ဦးမြို့နယ်အနေဖြင့် ဇူလိုင်လတတိယပတ်တွင်  နွေစပါး (ဆင်းသုခ) ပေါင် (၅၀) စပါး တင်း ၁၀၀ လျှင် ၈၃၀၀၀၀ ကျပ်၊ ဆန်တစ်အိတ်လျှင် ၃၂၀၀၀ ကျပ်၊ ဆန်ကွဲကြီး ၁ အိတ်လျှင် ၂၉၀၀၀ ကျပ်၊ ဆန်ကွဲသေး ၁ အိတ်လျှင် ၂၈၀၀၀ ကျပ်၊ ဖွဲနု ၁ အိတ်လျှင် ၁၆၀၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)