Main menu

ပေါက်ခေါင်းမြို့နယ်တွင် မိုးနှမ်းများစတင်စိုက်ပျိုး

Powered by Drupal

               ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မိုးနှမ်းများ စတင်စိုက်ပျိုးနေပြီး ပေါက်ခေါင်းမြို့နယ်အနေဖြင့် မိုးနှမ်းစိုက်ဧကမှာ (၃၈၀၄၆) စိုက်ပျိုးပြီးဖြစ်ပါသည်။

          ပြည်ခရိုင်အတွင်းရှိ ပေါက်ခေါင်းမြို့နယ်၊ အင်ငါးခွအုပ်စု၊ အင်ငါးခွကျေးရွာတွင် မိုးနှမ်း (၂)ဧက စိုက်ပျိုးသော ဦးမိုးကြီးနှင့် တွေ့ဆုံရန် စားသုံးသူရေးရာဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံ ဦးကျော်ကျော်ထွန်းနှင့် ဝန်ထမ်းများသည် (၁၉.၇.၂၀၂၂)ရက်နေ့ ၊ နံနက် (၁၀:၃၀) အချိန်တွင် သွားရောက်၍ မိုးမြေပဲစိုက်ပျိုးမှုနှင့် တစ်ဧကကုန်ကျစရိတ်များအား သိရှိနိုင်ရန် တွေ့ဆုံမေးမြန်းခဲ့ပါသည်။ မိုးနှမ်းကို မေလပထမပတ်တွင် စတင်စိုက်ပျိုးပြီး စိုက်ပျိုးသောနှမ်းမျိုးမှာ စမုံနက်နှမ်းမျိုးကို စိုက်ပျိုးကြောင်း သိရှိရပါသည်။ မိုးနှမ်း တစ်ဧကလျှင် မျိုး(၁)ပြည် စိုက်ပျိုးနိုင်ပြီး၊ နှမ်းမျိုးဈေးနှုန်းမှာ တစ်ပြည်လျှင် ၆၅၀၀ကျပ်ဖြင့် ဝယ်ယူ၍စိုက်ပျိုးရပါသည်။ မိုးနှမ်းများသည် ဇူလိုင်လနောက်ဆုံးပတ်တွင် စတင်ထွက်ပေါ်မှာဖြစ်ပြီး ဩဂုတ်လတွင် မိုးနှမ်းများ လှိုင်လှိုင် ထွက်ပေါ်မည်ဖြစ်ကြောင်းသိရှိရပါသည်။ မိုးနှမ်းများ စိုက်ပျိုးရာတွင် တစ်ဧကကုန်ကျစရိတ်မှာ မရိတ်သိမ်းမီအချိန်အထိ ခန့်မှန်းကုန်ကျစရိတ်မှာ (၁၃၅၀၀၀)ကျပ်ခန့် ကုန်ကျသည်ဟုသိရပါသည်။ မိုးနှမ်းများစိုက်ပျိုးချိန်တွင် သွင်းအားစုများဖြစ်သော မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ မြင့်မားနေခြင်းကြောင့် နှမ်းများရိတ်သိမ်းပြီးချိန်အထိ တစ်ဧက ကုန်ကျစရိတ်များ ဒီထက်မက ပိုများမည်ဟုသိရပါသည်။

          မိုးနှမ်းစိုက်ပျိုးသူ တောင်သူများအနေဖြင့် မိုးနှမ်းများထွက်ပေါ်ချိန်တွင် ရာသီဥတုကောင်းမွန်ခြင်း၊ သွင်းအားစုများပုံမှန်ထည့်ပေးခြင်းတို့ ပြုလုပ်မည်ဆိုပါက အထွက်နှုန်းများ ကောင်းမွန်ပြီး ဈေးနှုန်းဈေးကွက်များကောင်းမွန်မည်ဆိုပါက အကျိုးအမြတ်များ ပိုမိုဖြစ်ထွန်း၍ နိုင်ငံတော်အတွက် လည်း ပြည်တွင်းတွင် စားသုံးဆီဖူလှုံမည့်အပြင် ပိုလျှံလာနိုင်မည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)