Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
22 Jul 2022

         မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သည့် နိုင်ငံဖြစ်သည့်အတွက် ဆန်စပါးကို အဓိကထားစိုက်ပျိုးကြသလို ပဲကိုလည်း ဒုတိယ ဦးစားပေး၍ စိုက်ပျိုးသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်နေထိုင်ကြသော လူဦးရေအများအပြားတွင် ၇၀% မှာ စိုက်ပျိုးသူ တောင်သူများ ဖြစ်ပြီး မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများအနေဖြင့် စပါးစိုက်ပျိုးရိတ်သိမ်းပြီးလျှင် ပုံမှန်အားဖြင့် ပဲသီးနှံနှင့် အခြားသီးနှံများ ဆက်လက် စိုက်ပျိုးကြပါသည်။ ယခုအချိန်တွင် တစ်နှစ်ကို စပါးပြီးပဲ နှစ်သီးစိုက

22 Jul 2022

                စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်မြို့နယ် အတွင်းရှိ အများပြည်သူတို့အနေဖြင့် စားသုံးဆီများအား သက်သာသောရည်ညွှန်းဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်စေရေး ရည်ရွယ်၍ (၁၈.၇.၂၀၂၂)ရက်နေ့ နံနက် (၁၀:၃၀)အချိန်တွင်  ပြည်မြို့၊ ခေတ္တရာမြို့သစ်နယ်မြေတွင် ပြည်ခရိုင်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းနှင့် ပူးပေါင်း၍ အိမ်ထောင်စုတစ်စုလျှင်  တစ်ပိဿာနှုန်းဖြင့် စားသုံးဆီများအား လှည့်လည်ရောင်းချပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

22 Jul 2022

          ပြည်ခရိုင်အတွင်းရှိ ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ဇူလိုင်လ ပထမပတ်တွင် မတ်ပဲဈေးများတက်နေသော်လည်း ဒုတိယပတ်မှာတော့ဈေးကျနေပြီး ကုလားပဲ၊ စားတော်ပဲ၊ ပဲကြီး ဈေးများတက်လျှက်ရှိပါသည်။

          ဇူလလိုင်လဆန်းပိုင်းတွင်  မတ်ပဲတစ်တင်းကို ၅၆၀၀၀-၅၆၅၀၀ကျပ်ဖြင့် အဝယ်ပုံမှန် ရှိခဲ့ပါသည်။  ဇူလိုင်ဒုတိယပတ်မှာ မတ်ပဲဈေးကျလာပြီး ပဲတစ်တင်းကို ၅၂၀၀၀-၅၂၅၀၀ကျပ်ဖြင့် ရန်ကုန် အဝယ်တစ်ရက်ကို ၁၅၀/၂၀၀ခန့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

22 Jul 2022

            ပြည်မြို့ဈေးကွက်တွင်ရောင်းချနေသော ဖူးစားပြောင်းများကို သဲကုန်းမြို့နယ် ပုတီးကုန်း၊ သဲကုန်း နှင့် ပြည်မြို့နယ်အတွင်းရှိ မှော်ဇာကျေးရွာများ၌ အများဆုံး စိုက်ပျိုးကြောင်း သိရှိရပါသည်။ ထွက်ရှိ လာသော ဖူးစားပြောင်းများကို ဒေသတွင်းစားသုံးရန်နှင့် ရန်ကုန်ဈေးကွက်သို့ တင်ပို့ ရောင်းချ လျှက်ရှိပါသည်။ ပုတီးကုန်းပြောင်းကို ဒေသအခေါ် နတ်ပြည်မွှေး နှင့် ကာလာဖိုက်လို့ ခေါ်ဆိုကြပါသည်။ ဈေးနှုန်းများအနေဖြင့် တစ်ဖူးလျှင် ၂၀၀ ကျပ်ဖြင့်ရောင်းချလျှက်ရှိပြီး ပြောင်းဝါခေါ် သကြားပြောင်း တစ

22 Jul 2022

           နာနတ်သီးများကို ပြည်မြို့စည်ပင်သာယာဈေးကြီးသို့ ပြည်မြို့ အနီးအနားရှိ မြို့နယ်များနှင့် မန္တလေး မြို့ဘက်မှ  တင်ပို့ရောင်းချလျှက်ရှိပါသည်။  နာနတ်သီးများအဝင်လှိုင်လာသည့်အတွက် စားသုံးသူများ အနေဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးကြသလို ရောင်းချသူများအနေဖြင့်လည်း အရောင်း အဝယ် သွက်လျှက်ရှိပါသည်။ နာနတ်သီးဈေးနှုန်းများမှာ အလုံးအကြီး အသေးပေါ်မူတည်၍ ဈေးနှုန်းများ ကွာခြားလျှက်ရှိပါသည်။ နာနတ်သီးအလုံးကြီး တစ်လုံးလျှင် ၁၅၀၀-၂၀၀၀ကျပ်၊ အလတ် တစ်လုံးလျှင် ၁၀

Pages