ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ ပေါင်းတည်မြို့နယ်တွင် ယခုအချိန်၌ ဖူးစားပြောင်းများ လှိုင်လှိုင်ထွက်ပေါ်လာပြီဖြစ်ပါသည်။ ဖူးစားပြောင်းများကို ပေါင်းတည်မြို့ရှိ ကျွဲတဲကြီးရွာ၊ ပေါက်တန်း(ဝဲကြီးရွာ)၊ ဘိုးသာအောင်ကုန်းရွာ၊ အရှေ့ညောင်တုန်းရွာတို့တွင် စတင်ထွက် ပေါ်နေပြီ ဖြစ်ပါသည်။ ထွက်ရှိလာသော ပြောင်းဖူးများကို ပေါင်းတည်မြို့အဝင် ရန်ကုန်-ပြည်လမ်းရှိ လမ်းဘေး ဝဲယာများတွင် ပြောင်းဖူးများကို ဖုတ်၍သော်လည်းကောင်း၊ ပြုတ်၍ သော်လည်းကောင်း၊ ပြောင်းဖူးစေ့ကြော်များ ပြုလုပ်၍သ
ဇူလိုင်လ ဒုတိယပတ်အတွင်း မကွေးကုန်စည်ဒိုင်ရှိ ပဲမျိုးစုံဈေးကွက်သည် စျေးနှုန်းတည်ငြိမ်လျက် ရှိကြောင်းသိရသည်။ ပဲနောက်(၁၉)ပိဿာ(၁)တင်းလျှင် (၄၁၀၀ဝိ/-)၊ ပဲလွန်းဝါ(၁၉)ပိဿာ(၁)တင်းလျှင် (၄၁၀၀ဝိ/-) ကျပ်၊ ကုလားပဲကြီး(929)ပိဿာ(၁)တင်းလျှင် (၄၈၅၀ဝိ/-)ကျပ်၊ ကုလားပဲလုံးသေး(၁၉)ပိဿာ (၁)တင်း လျှင် (၄၄၅၀ဝိ/-)ကျပ်၊ ပဲကြီးဖြူ (၁၉)ပိဿာ(၁)တင်းလျှင်(၆၂၀၀ဝိ/-)ကျပ်၊ ပဲကြီးမဲ(၁၉) ပိဿာ (၁)တင်း လျှင်(၅၅၀၀ဝိ/-)ကျပ်၊ ပဲထောပတ် (၁၉)ပိဿာ(၁)တင်းလျှင်(၄၂၀၀ဝိ/-)ကျပ်၊ ပဲတီစိမ်း (၁၉) ပိဿာ (၁)တင်းလျှင်(၄၇
သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် ပဲမျိုးစုံအနက် ပဲတီစိမ်းနှင့် ပဲကြီး သီးနှံများသည် နေ့စဉ်ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိရာ ဇူလိုင်လ ဒုတိယပတ်တွင် ပဲတီစိမ်းများ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိပြီး တစ်တင်းလျှင် (၄၆၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရှိရပါသည်။
ဇူလိုင်လ ဒုတိယအပတ်တွင် မကွေးမြို့၊ မြို့မစျေးနှင့် ရန်ပယ်စျေးများ၌ ကြက်သွန်နီစျေးနှုန်းများ ကျဆင်းလာကြောင်း သိရသည်။ ဇွန်လ စတုတ္ထပတ်တွင် ကြက်သွန်နီ(၁)ပိဿာလျှင် (၂၀၀ဝိ/-) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ရာမှ ဇူလိုင်လ ဒုတိယအပတ်တွင် ကြက်သွန်နီ အမျိုးအစားနှင့် အရည်အသွေး ပေါ်မူတည်ပြီး (၁)ပိဿာလျှင် (၁၆၀ဝိ/-) ကျပ်မှ (၁၈၀ဝိ/-) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း ဆိုင်ခန်းစျေးသည်များနှင့် ပျံကျစျေးသည်များထံမှ သိရသည်။
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ရှိ ယောစုကျေးရွာ၊ ပိန္နဲတောကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ညောင်ကုန်း ကျေးရွာ၊ မုန်းနားစုကျေးရွာနှင့် ဒေးဒရဲကျေးရွာတို့သည် မုန်းချောင်းရေကိုအမှီပြု၍ လယ်ယာမြေများတွင် ရေသွင်းစိုက်ပျိုးကာ ဟင်းသီးဟင်းရွက် သီးနှံစားပင်မျိုးစုံကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်းသိရသည်။ အဆိုပါစားပင်သီးနှံများထဲမှ ပိန်းဥသီးနှံသည် ဈေးကွက် ရှိသည့်အပြင် ဈေးကောင်းလည်းရရှိသဖြင့် အားထားစိုက်ပျိုးကြကြောင်းသိရှိရပါသည်။ ပွင့်ဖြူ ဒေသထွက် ပိန်းဥသီးနှံမှာ ယခုနှစ