Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
22 Jul 2022

          ပြည်ပဲဈေးကွက်သို့ မိုးပဲတီစိမ်းသစ်များ ဇူလိုင်လဆန်းရက်မှစ၍ ဝင်ရောက်လာခဲ့ရာ ယခုအချိန်ထိနေ့စဉ် ဝင်ရောက်မှုတဖြည်းဖြည်းများလာပြီး ပြည်အနီးတဝိုက် မင်းတုန်း၊ ကံမ၊ ပေါင်းတလည်၊ ပေါက်ခေါင်း ဒေသများမှ ဝင်ရောက်လာခဲ့ကြောင်း သိရှိရပါသည်။ ပဲတီစိမ်းသစ်ဈေးမှာ ပဲအရည်အသွေး ပေါ်မူတည်၍ ဈေးကွာခြားမှုရှိခဲ့ပါသည်။ ပဲသစ်အဖွင့်ဈေးမှာ တစ်တင်း ၄၆၀၀၀ ကျပ်ဖြင့် ဝယ်ယူခဲ့ကြပြီး ရိုးရိုးတစ်တင်း ၄၆၀၀၀ကျပ်၊ ထိပ်စတစ်တင်း ၄၇၀၀၀ကျပ်ဖြင့် အသီးသီးရောင်းဝယ်လျှက်ရှိရာ မန္တလေးလိုင်းသမားများ အဓိကထား ဝယ်ယူမ

22 Jul 2022

            တောင်ငူခရိုင်၊ ဖြူးမြို့တွင် အိမ်တိုင်းလိုလို သရက်ပင်များ စိုက်ပျိုးကြပါသည်။ သရက်သီးများမှာ ရင်ကွဲ၊ မချစ်စု၊ မနော်နွယ်၊ စိန်တလုံးစသည်ဖြင့် မျိုးကွဲများရှိရာ စိန်တစ်လုံးသရက်သီးသာ ဈေးကောင်းရရှိ၍ ကျန်သရက်သီးများမှာ ဈေးကွက်သိပ်မရှိပါ။ ထို့ကြောင့် သရက်သီးမှည့်အနေဖြင့် စိန်တစ်လုံးသရက်သီးကိုသာ ခူးဆွတ်၍ အမှည့်အုပ် ရောင်းချကြပြီး ကျန်အသီးများမှာ ခူးဆွတ်ခနှင့် ဈေးကွက် တွက်ချေမကိုက်ပါ။

22 Jul 2022

            ပဲခူးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင် ၊  ပေါင်းတည်မြို့နယ်မှ ဝန်ထမ်းများသည် (၁၃.၇.၂၀၂၂)ရက်နေ့ နေ့လယ် (၁၃:၃၀) အချိန်တွင် ပေါင်းတည်မြို့နယ်အတွင်းရှိ ဗိုလ်ကုန်းကျေးရွာရှိ ရုံပတီသီးစိုက်ပျိုးသောတောင်သူနှင့် တွေ့ဆုံ၍ ရုံးပတီသီးစိုက်ပျိုးထုတ်လုပ်မှု၊ တင်ပို့မှုနှင့် ဈေးနှုန်းဈေးကွက် အခြေအနေတို့အား မေးမြန်းခဲ့ပါသည်။

22 Jul 2022

          ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် တပိုင်တနိုင်စီးပွားရေးလုပ်ငန်းအဖြစ် ကွမ်းရွက်ခြံများ စိုက်ပျိုးလျှက်ရှိပါသည်။ ကွမ်းစိုက်ပျိုးသူတောင်သူများအနေဖြင့် ကွမ်းတိုင်(၁)ထောင်စိုက်ပျိုးလျှင် ကုန်ကျစရိတ်အနေဖြင့် (၁၈)သိန်းခန့်ကုန်ကျ၍ စိုက်ပျိုးပြီး (၃)လအကြာတွင် ကွမ်းရွက်များ စတင်ခူးဆွတ်ရပါသည်။ ကွမ်းခူးရာတွင် (၁၅)ရက်ကြာလျှင် တစ်ကြိမ်ခူးဆွတ်ရ၍ တစ်လလျှင် (၂)ကြိမ်ခန့်ခူးဆွတ်ရပါသည်။ ဆောင်းရာသီအချိန်တွင် ကွမ်းတိုင် (၁)ထောင်ဆွတ်ခူးလျှင် ကွမ်းရွက် ပိဿာချိန် (၈၀-၁၀၀)ခန့်ထွက်ရှိပြီး၊

22 Jul 2022

          ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင် ၊ ပေါင်းတည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၃.၇.၂၀၂၂)ရက်နေ့ နံနက် (၁၀:၃၀) အချိန်တွင် ပေါင်းတည်မြို့နယ်အတွင်း နတ်ပုတီးကျေးရွာရှိ မိုးနှမ်းစိုက်ပျိုးသောတောင်သူနှင့် တွေ့ဆုံ၍ တစ်ဧက ကုန်ကျစရိတ်၊ အကျိုးအမြတ်နှင့် ဈေးနှုန်းဈေးကွက်အခြေအနေများအား ကွင်းဆင်း လေ့လာခဲ့ပါသည်။

Pages