ကုန်သွယ်မှုသတင်းများ
မော်လမြိုင်မြို့ ဘိလပ်မြေဈေးကွက်၌ တည်ဆောက်ရေးလုပ်ငန်းများကြောင့် အရောင်းအဝယ်ကောင်းနေကြောင်း အိမ်ဆောက်ပစ္စည်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခုတစ်ပတ် ဆင်(ထိုင်း) ဘိလပ်မြေက ကျပ် (၁၀၀၀)ဈေးတက်လာကြောင်း သိရှိရသည်။ ဈေးကွက်ထဲအရောင်းအဝယ် ဖြစ်နေတဲ့ဈေးမှာ ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ်၉၈၀၀၊ ဆင်(ထိုင်း) ကျပ် ၁၁၅၀၀၊ ကြံ့တံဆိပ်(အဝါ) ကျပ် ၉၅၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး၊ မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာ ထုတ်လုပ်ရာတွင်ကုန်ကြမ်းများ ဈေးနှုန်းတက်လာသောကြောင့် ဓါတ်မြေဩဇာမှ
ဘီးလင်းမြို့နယ်ဒေသထွက် တောင်ထန်းများကို နေ့စဉ် ပဲခူးတိုင်းဒေသကြီးဘက်သို့တင်ပို့ရောင်းချလျှက်ရှိရာ ယခုနှစ်ရာသီတွင် ယခင်နှစ်ထက်ဈေးနှုန်း ပိုမိုရရှိလာကြောင်း သိရှိရပါသည်။ တောင်ထန်းကို အိမ်ခေါင်မိုး မိုးရန်နှင့် လယ်တဲများအမိုးပြုလုပ်ရန် အသုံးပြုလျှက်ရှိပါသည်။ ယခင်နှစ် တောင်ထန်းရာသီထွက်ရှိချိန် ဖေဖော်ဝါရီ၊မတ်လများတွင် တောင်ထန်းဈေးနှုန်းမှာ အကဒ်(၁၀၀)လျှင် ၆၅၀၀ကျပ်မှ ၇၀၀၀ ထိဈေးရရှိ၍ မိုးရာသီရောက်ရှိခါနီးအချိန်တွင် ဈေးအမြင့်ဆုံးရရှိတတ်ပြီး ဧပြီလတွင် တောင်ထန်း အကဒ်(၁၀၀)လ
မော်လမြိုင်မြို့၌ ယခုလ မေစတုတ္ထအပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရှိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ပုံမှန်ဖြစ်နေသည့် ဈေးမှာ ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ်၁၀၃၀၀၊ ဆင်(ထိုင်း) ကျပ် ၁၀၅၀၀၊ ကြံ့တံဆိပ်(အဝါ) ကျပ်၉၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး၊ မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာမှာ ဈေးနှုန်းတည်ငြိမ်နေပြီး အရောင်းအဝယ်အေးနေကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ မေလ (၂၀)ရက်နေ့မှ မေလ (၂၆)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် မေလ (၁၇) ရက်နေ့မှ မေလ (၂၃) ရက်နေ့ အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ကျိုက်ထို၊ တောင်စွန်းမှ ကနစိုးသီး ၁၅ ပိဿာ တစ်ခြင်းလျှင် ကျပ် ၁၅၀၀၀၊ ဘီးလင်း၊ တောင်စွန်းမှ ပိန္နဲသီး အလုံးကြီး ၁လုံးလျှင် ကျပ် ၁၅၀၀၀ ၊အလုံးလတ် ၁လုံးလျှင် ကျပ် ၁၀၀၀၀ ၊ အလုံးသေး ၁လုံးလျှင် ကျပ် ၅၀၀၀ မှ ၃၀၀၀၊ ကျိုက်ကော် မှ နာနတ်သီး အလုံးကြီး ၁လုံးလျှင် ကျပ် ၁၂၀၀ မှ ၁၀၀၀၊ အလုံးလတ် ၁လုံးလျှင် ကျပ် ၈၀၀ ၊ အလုံးသေး ၁လုံးလျှင် ကျပ် ၆၀၀ မှ ၄၀၀၊ ကောလင်း မှ