ကုန်သွယ်မှုသတင်းများ
ပြည်ခရိုင်အတွင်း နွေစပါးဈေးမှာ မြို့နယ်အလိုက် ဈေးမြင့်တက်နေပါသည်။ ပြည်မြို့နယ် တွင် ဇွန်ပထမပတ်က (၄၆)ပေါင်တင်း(၁၀၀) ၇၅၀၀၀၀ ကျပ်၊ ဇွန်တတိယပတ်မှာ (၄၆)ပေါင်တင်း (၁၀၀)လျှင် ၇၇၀၀၀၀ကျပ်၊ ပေါင်းတည်မြို့နယ်တွင် ဇွန်ပထမပတ်က (၄၆)ပေါင်တင်း (၁၀၀) ၆၆၀၀၀၀ကျပ်၊ ဇွန်တတိယပတ်မှာ (၄၆)ပေါင်တင်း(၁၀၀)လျှင် ၇၄၀၀၀၀ကျပ်၊ သဲကုန်းမြို့နယ်တွင် ဇွန်ပထမပတ်က (၄၆)ပေါင် တင်း(၁၀၀)၇၂၀၀၀၀ ကျပ်၊ ဇွန်တတိယပတ်မှာ (၄၆)ပေါင်တင်း (၁၀၀)လျှင် ၇၃၀၀၀၀ကျပ်၊ ပေါက်ခေါင်းမြို့နယ်တွင် ဇွန်ပထမပတ်က (၄၆)ပေါင်တင်း (၁၀၀
ပြည်ခရိုင်အတွင်းရှိ ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ ဘိုကိတ် ပဲများဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။
တောင်ငူမြို့တွင် ကြက်သွန်နီဈေးနှုန်းမှာ ယခင်မေလက တစ်ပိဿာလျှင် ၈၀၀ ကျပ်သာရှိရာမှ ယခုဇွန်လအစောပိုင်းတွင် တစ်ပိဿာလျှင် ၁၈၀၀ ကျပ်အထိ မြင့်တက်နေသည်ကို တွေ့ရှိရပါသည်။
ယခုကဲ့သို့ ဈေးနှုန်းများတက်လာရခြင်းမှာ မိုးဦးစော၍ မိုးများစွာရွာသွန်းခြင်းကြောင့် ကြက်သွန်နီခင်းများ မိုးမိ၍ ပျက်စီးဆုံးရှုံးရခြင်းနှင့် သယ်ယူပို့ဆောင်ရာတွင် စက်သုံးဆီဈေးနှုန်းများ ကြီးမြင့်၍ ကားခများဈေးတက်ခြင်းကြောင့် ဖြစ်ပါသည်။
ပြည်ဈေးကွက်အတွင်း ဇွန်လပထမပတ်မှစ၍ ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လျှက်ရှိပြီး ကြက်သွန်နီ(အလတ်စ) တစ်ပိဿာလျှင် ယခင်ပျမ်းမျှ ကျပ် ၁၂၀၀ရှိခဲ့ရာ ယခုကျပ် ၂၀၀၀ခန့်ရှိ၍ ကျပ် ၈၀၀ခန့် မြင့်တက်သွားကြောင်း သိရှိရပါသည်။ ပြည်ဈေးကွက်သို့ တောင်တွင်းဘက်မှ ပိဿာ (၃၀)ဝင်အိတ် ၂၀၀ကျော်၊ ရေနံချောင်းဘက်မှ အိတ် ၁၅၀ခန့်နှင့် မကွေးဘက်မှ အိတ် ၁၂၀ခန့်ကို ရက်ခြားအဝင်ရှိနေသည်။ အရောင်းအဝယ်အနေဖြင့် ပုံမှန်ရောင်းဝယ်မှုရှိနေပြီး ဒေသတွင်းစီး ဆင်းမှုအနေနဲ့ သာယာဝတီခရိုင်နှင့် ပန်းတောင်း(ဥသျှစ်ပင
ယခုဇွန်လ တတိယပတ်တွင်း မြေပဲဆန် အဝင်မရှိဘဲ ဈေးကွက်လက်ကျန်များဖြင့်သာ ဆီစက်သမားများက အဝယ်ရှိသဖြင့် ဇွန်လ တတိယပတ်တွင် ဈေးအနည်းငယ်မြင့်တက်လာခဲ့ပါသည်။ မြို့တွင်းဆီစက်သမားများက ဆီကြိတ်ရန် ဝယ်လိုအားများသဖြင့် ဈေးကွက်တွင် မြေပဲဆန်လက်ကျန် မရှိသလောက်နည်းသွား၍ မကွေးနှင့် မြင်းခြံဘက်သို့ သွားရောက်၍ ဝယ်ယူကြိတ်ခွဲနေကြောင်းသိရပါသည်။ မိုးမြေပဲများစိုက်ပျိုးရန် အချိန်ရောက်ရှိနေသဖြင့် ဈေးကွက်သို့ ပဲဆန်ဝင်ရောက်မှုမရှိသဖြင့် ဈေးမြင့်တက်လာကြောင်း သိရပါသည်။ ဇွန်လတတိယပတ်တွင် မြေပဲဆန်ဈေးမျ