ကုန်သွယ်မှုသတင်းများ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်သည် ဆောင်းသီးနှံမတ်ပဲ စိုက်ဧက လေးသိန်းကျော် စိုက်ပျိုးပြီး ၊ ပဲသစ်စတင်ထွက်ရှိချိန် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှစ၍ ဟင်္သာတကုန်စည်ဒိုင်တွင် မတ်ပဲတစ်တင်းလျှင် ၄၀၀၀၀ ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ၊ မတ်လနောက်ဆုံးပတ်တွင် ၄၉၇၀၀ ကျပ်ဈေးထိ အမြင့်ဆုံးရရှိခဲ့ပါသည်။ မြန်မာနိုင်ငံမှ မတ်ပဲကို အဓိကဝယ်ယူနေသည့် အိန္ဒိယနိုင်ငံ၏ မတ်ပဲတင်သွင်းခွင့်ကာလကို ၂၀၂၃ ခုနှစ် မတ်လထိတိုးမြှင့်လိုက်ပြီးနောက် မတ်ပဲဈေးမှာ တဖြည်းဖြည်းအေးသွားပြီး ဈေးကျဆင်းလာခဲ့
ရန်ကုန်တိုင်းဒေသကြီး ၊လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် မေလ (၁၁) ရက်နေ့မှ မေလ (၁၆) ရက်နေ့ အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ဖျာပုံမှ နှင်းသီး အလုံးကြီး အလုံး ၁၅၀ ပါ တောင်းတစ်တောင်းလျှင် ကျပ် ၁၀၀၀၀၊ ကျိုက်ကော် မှ နာနတ်သီး အလုံးကြီး ၁လုံးလျှင် ကျပ် ၁၅၀၀ မှ ၁၂၀၀၊ အလုံးလတ် ၁လုံးလျှင် ကျပ် ၁၀၀၀ မှ ၈၀၀ ၊ အလုံးသေး ၁လုံးလျှင် ကျပ် ၆၀၀ မှ ၄၀၀၊ ဗန်းမော်၊ ကသာ မှ ဖရဲသီး (855) အလုံးကြီး ၁လုံးလျှင် ကျပ် ၆၀၀၀၊ အလုံးလတ် ၁လုံးလျှင် ကျပ် ၄၀၀၀၊ အလုံးသေး ၁လုံးလျှင် ကျပ် ၃
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မေလ ၂၀ ရက်နေ့ နံနက် ၁၀နာရီအချိန်တွင် မုံရွာမြို့၊ အလယ်ရပ်ကွက်ရှိ “တက်နေဝင်း” လ္ဖက်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးသည် မေလ(တတိယ)ပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဆန်ပိုဒေသများဖြစ်သော ရွှေဘိုခရိုင်၊ မုံရွာခရိုင်တို့တွင် ဈေးအနည်းငယ်ကျဆင်းနေပြီး၊ ကျန်ခရိုင်များတွင် ဈေးတန့်နေပါသည်။
မြန်မာလူမျိုးများ၏ ဒေသရိုးရာအစားအစာ နံနက်စာအဖြစ်လည်းကောင်း၊ အလှူအတန်းများတွင်လည်းကောင်း မုန့်ဟင်းခါးကို ဟင်းရည်ဖြင့်(သို့မဟုတ်)အသုတ်အဖြစ် စားသုံးကြပါသည်။ မုန့်ဟင်းခါးဖတ်အား ကြာရှည်အထားခံပြီး အလွယ်တကူ ချက်ပြုတ်စားသုံးနိုင်ရန်အတွက် မုန့်ဟင်းခါးခြောက်ဖတ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ စတားလိုက် မုန့်ဟင်းခါးခြောက်လုပ်ငန်းသို့ မေလ ၁၇ ရက်နေ့က စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ သွားရောက်၍ ဈေးကွက်၊ ဈေးနှုန်