ကုန်သွယ်မှုသတင်းများ
ရာသီစာဖြစ်သော ခဝဲသီးများကို ဇွန်လအတွင်းတွင် စားသုံးသူများက ဈေးကောင်းပေးပြီး ဝယ်ယူစားသုံးကြပါသည်။ ခဝဲသီးကို ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာများမှ စိုက်ပျိုးပြီး ခဝဲသီးပေါ်ချိန် ပေါ်ဦးပေါ်ဖျားအချိန်ဖြစ်၍ ဈေးကောင်းရရှိပြီး အဝယ်လည်းလိုက်နေပါသည်။ ယခု ဈေးကွက်ထဲတွင်ရောင်းချနေသော ထိုင်ဝမ်ခဝဲသီးများသည် ခဝဲသီး အတောင့်အချော/ အလတ်/ အသေးပေါ်မူတည်၍ ဈေးနှုန်းကွဲပြားခြားလျှက်ရှိပါသည်။ ခဝဲသီးအတောင့် အချောတစ်တောင့်လျှင် ကျပ် ၄၀၀ မှ ၃၀၀ကျပ်၊ ခဝဲသီးအလတ် တစ်တောင့်လျှင် ကျပ် ၂၅၀ မှ ၂
ပြည်မြို့တွင် နံနံပင်ကို ပန်းတောင်း၊ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ရွှေတောင်၊ သဲကုန်း မြို့များတွင် စိုက်ပျိုးကြပါသည်။ ရာသီအချိန်မရွေးစိုက်ပျိုးလို့ရပေမယ့် မိုးတွင်းပိုင်းတွင် ရှားပါးပါသည်။ နံနံစေ့ တစ်ပိဿာလျှင် ပိဿာချိန် ၄၀ခန့်ထွက်ရှိကြောင်း သိရှိရပါသည်။ ပြည်ဈေးကွက်မှ နံနံပင်များကို ရန်ကုန်သို့အများဆုံးတင်ပို့ရောင်းချလျက်ရှိပါသည်။ တင်ပို့သည့်အခါ ဂုန်နီအိတ်နှင့် ၄၀ပိဿာ၊ ပီနံအိတ်နှင့် ၂၅ပိဿာဖြင့် ထုတ်ပိုးတင်ပို့လျက်ရှိကြောင်း သိရပါသည်။ တစ်နှစ်လျှင် ပိဿာချိန် ၂၀၀၀၀ခန့် အ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် မတ်ပဲစိုက်ဧက ၁၃၃၇၂၅ ဧက စိုက်ပျိုး ရိတ်သိမ်းပြီးဖြစ်ပါသည်။ သဲကုန်းမြို့နယ်အနေဖြင့် မတ်ပဲစိုက်ဧကမှာ ၃၁၉၂၉ ဧကစိုက်ပျိုးပြီး အထွက်နှုန်းမှာ ၁၉ တင်းကျော် ထွက်ရှိပါသည်။ တစ်ဧကကုန်ကျစရိတ်အနေဖြင့် ၃သိန်းကျပ် ကျော်ထိ ကုန်ကျကြောင်း သိရှိရပါသည်။ သဲကုန်းမြို့နယ်တွင် မတ်ပဲဈေးများ ဇွန်လပထမပတ်တွင် မတ်ပဲဈေးများမြင့်တက်လာခဲ့ပြီး ယခင်မတ်ပဲပေါ်ချိန်တွင် ဈေးကောင်းကို စောင့်မျှော်နေသော တောင်သူများက လှောင်ထားသောမတ်ပဲများကို ထုတ်၍ရောင
ယခုအချိန်သည် မိုးရာသီကာလဖြစ်သည့်အတွက် မိုးရာသီအစားအစာထဲမှာ ချက်စားတာ တစ်မျိုး၊ ကြော်စားတာတစ်မျိုး၊ အတို့အမြုပ်အဖြစ် စားသုံးလို့ရသည့် သီးနှံတစ်မျိုးမှာ မျှစ်ဖြစ် ပါသည်။ ဈေးကွက်သို့ မျှစ်များသည် ဇွန်လ၊ ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလများတွင် မျှစ်များ ရောက်ရှိလာပြီဖြစ်သဖြင့် စားသုံးသူများ ဝယ်ယူစားသုံးကြပါသည်။ မျှစ်များပေါ်ခါစ အချိန်တွင် ဈေးကောင်းများရရှိပြီး၊ အထွက်လှိုင်လာချိန်တွင် ဈေးများကျလာပါသည်။ ပြည်မြို့ရှိ ဈေးကွက်သို့ ပေါင်းခေါင်း၊ ပေါင်းတလည်နှင့် ပန်းတောင်းဘက်မှ မျှစ်အများဆ
ပြည်ခရိုင်၊ ပြည်မြို့တွင် ဗုံလုံသီး (ပဲလင်းမြွေသီး)များ စတင်ပေါ်ထွက်လာပြီ ဖြစ်ပါသည်။ ဗုံလုံသီးသည် သခွား၊ ဗူး၊ ဖရုံတို့လို အနွယ်ပင်ဖြစ်၍ မိုးရာသီတွင်ထွက်ပေါ်လေ့ရှိပြီး အဖြူရောင် ခပ်ရှည်ရှည်အသီးတစ်မျိုးဖြစ်ပါသည်။ ပြည်မြို့အနီးဝိုက်ရှိ ခြံများတွင်စိုက်ပျိုးကြပြီး နီးစပ်ရာ ဈေးများသို့ လာရောက်ရောင်းချကြပါသည်။ ပုတီးကုန်းဒေသမှလည်း ပြည်ဈေးကွက်သို့တင်ပို့ ရောင်းချကြသဖြင့် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျှက် ရှိပါသည်။ ထိုအသီးသည် အပေါ်ယံ အလွှာကို ဓားနှင့်ခြစ်ပြီး အရွယ်တော်အတ