ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ လှိုင်သာယာရပ်ကွက်တွင် ကြက်ဟင်းခါးသီးပင်များအား မိုးဦးကျကာလတွင် စိုက်ပျိုးခြင်းအားဖြင့် အပိုဝင်ငွေရလျက်ရှိကြောင်း သိရသည်။
ကယားပြည်နယ်ဒေသထွက် ပစ္စည်းတစ်မျိုးဖြစ်သည့် ကယားရိုးရာချည်ထည်ကို ကယားပြည်နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားများအားလုံး အမြတ်တနိုးဝတ်ဆင်ကြသည့်အပြင် အခြားဒေသများသို့လည်း တင်ပို့လျှက်ရှိကြောင်း၊ ချည်ထည်များမှာ အသားအေးပြီး ပေါ့ပါးသဖြင့် ဝတ်ဆင်သူတိုင်း လူကြိုက်များလျှက်ရှိကြောင်း၊ ယခုလက်ရှိ ဈေးကွက်အတွင်း ကယားချည်ထည်ဈေးနှုန်းများမှာ ပုံမှန်ချည်အမျိုးသားဝတ်တစ်ကွင်းလျှင် (၆၅၀၀)ကျပ်၊ အမျိုးသမီးဝတ်တစ်ကွင်းလျှင် (၅၅၀၀)ကျပ် ၊အမျိုးသမီးဝတ် ဝမ်းဆက်တစ်စုံလျှင်(၈၅၀၀)ကျပ် ၊၂/၁၀၀
ကယားပြည်နယ်၏ ရိုးရာအစားအစာတစ်မျိုးဖြစ်သည့် ဒေသထွက်ပစ္စည်းများဖြင့်သာ ပြုလုပ်ထားသည့် ကယားရိုးရာ ဝက်အူချောင်းမှာ နာမည်ကြီးလှပါသည်။ ကယား ဝက်အူချောင်းကို ကယားလူမျိုးစုများ မရှိမဖြစ် အသုံးပြုသည့်ဟင်းခတ်အမွှေးအကြိုင်အဖြစ် ဒေသထွက် မက်ခါသီး ၊ တောင်ပေါ်ငရုတ်သီး၊ တောင်ပေါ်ဝက်သား၊ ဝက်အူတို့ဖြင့် ပြုလုပ်ထားသည့် ရိုးရာအစားအစာ တစ်မျိုးဖြစ်ပါသည်။ ဝက်အူအစစ်ဖြင့် အရသာရှိရှိ ကင်ထားပြီး ဓာတုဆေး လုံးဝမပါဘဲ လေလုံအောင် သေချာထုတ်ပိုးထားသဖြင့် တစ်ပတ်ခန့် အထားခံကြောင်း ၊ မိသားစုစားသုံးရ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူကုန်စည်ဒိုင်တွင် မေလပထမပတ်မှ ဒုတိယပတ်အတွင်း ပဲစဉ်းငုံနီ၊ ကုလားပဲဝါ(HL)၊ ကုလားပဲဖြူလုံးကြီး(V2/V6)၊ ကုလားပဲဝါလုံးကြီး (929)၊ စွန်တာနီ(ကျွန်း)၊ ပဲဇီးကွက်၊ ထောပတ်ပဲဖြူ(ကျွန်း/ယော)၊ ပြောင်းဖူးစေ့(CP)၊ ပဲတီစိမ်းကြီး၊ ကြက်ဆူသီးနှံများ အရောင်းအဝယ်ဖြစ်နေပြီး ဈေးနှုန်းများ မှာလည်း အချိန်နှင့်အမျှ ပြောင်းလဲလျှက်ရှိပါသည်။ ယခင်တစ်ပတ်၏ ပဲစဉ်းငုံနီ တစ်တင်း ဈေးမှာ(၄၂၇၀၀)ကျပ်၊ ယခုတစ်ပတ်တစ်တင်းဈေး(၄၂၃၀၀)ကျပ်၊ ထောပတ်ပဲဖြူ (ကျွန်း/ ယော)ယခင်တစ်ပတ်တစ်တင်းဈေ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာရှိ ပေါက်ပေါက်ပွင့်လုပ်ငန်းလုပ်ကိုင်သည့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ကုန်ကြမ်းရရှိမှုအခြေအနေ