ကုန်သွယ်မှုသတင်းများ
မုံရွာကုန်စည်ဒိုင်တွင် မေလ ၄ ရက်နေ့မှ ၁၅ ရက်အတွင်း ပဲမျိုးစုံဈေးကွက်တွင် ပဲတီစိမ်း ၁၉ ပိဿာ တစ်တင်းလျှင် ယခင်တစ်ပတ် ကျပ် ၄၆၅၀၀၊ ယခုတစ်ပတ် ၄၈၅၀၀၊ ကုလားပဲအနီ(၉၂၉) ၁၉ ပိဿာတစ်တင်းလျှင် ယခင်တစ်ပတ် ကျပ်၄၁၃၀၀၊ ယခုတစ်ပတ် ကျပ် ၄၂၇၀၀၊ ကုလားပဲ(ထိုင်ဝမ်) ၁၉ ပိဿာတစ်တင်းလျှင် ယခင်တစ်ပတ် ကျပ် ၄၀၀၀၀၊ ယခုတစ်ပတ် ကျပ်၄၁၃၀၀၊ ကုလားပဲအဖြူ(v7,v3) ၁၉ ပိဿာတစ်တင်းလျှင် ယခင်တစ်ပတ် ကျပ် ၄၅၀၀၀၊ ယခုတစ်ပတ် ကျပ် ၄၉၀၀၀၊ မတ်ပဲ ၂၀ ပိဿာတစ်တင်းလျှင် ယခင်တစ်ပတ် ကျပ် ၄၇၀၀၀၊ ယခုတစ်ပတ
သရက်အမျိုးအစားများထဲမှ အကောင်းဆုံးဟု သတ်မှတ်ခံထားရသော အသီးမှာစိန်တစ်လုံး သရက်သီးဖြစ်ပါသည်။ သရက်သီးတွင် ကိုယ်ခံအားကောင်းစေခြင်း၊ နှလုံးကျန်းမာရေးကိုအထောက် အကူပြုခြင်း၊ ဝမ်းချုပ်ခြင်းအားကာကွယ်ပေးခြင်း၊ အသားအရေစိုပြေဝင်းလက်စေခြင်း၊ အချို့သော ကင်ဆာရောဂါဖြစ်ပွားမှုများကိုလည်း လျှော့ချပေးနိုင်ပြီး ဗီတာမင်နှင့်သက်စောင့်ဓါတ်မျိုးစုံပါဝင်သောကြောင့် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုသည့်အပြင် လူမျိုးဘာသာမရွေး ဆင်းရဲ/ ချမ်းသာမရွေး၊ လူတန်းစားအလွှာမရွေး ဝယ်ယူစားသုံးနိုင်သည
မကွေးတိုင်းဒေသကြီး မကွေးမြို့ပေါ်ရှိ မြို့မဈေး၊ ကန်သာဈေး၊ ရန်ကင်းဈေး၊ ရန်ပယ်ဈေး၊ မင်္ဂလာဈေးများတွင် ဟင်းသီးဟင်းရွက်ကုန်စိမ်းသီးနှံများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ရာသီဥတုပူပြင်းသောတန်ခူး၊ကဆုန်းလများတွင် ခရမ်းချဉ်သီးထွက်ရှိမှုနည်းပါးလာသဖြင့် မကွေးမြို့ နယ်အတွင်း အများဆုံးစိုက်ပျိုးထွက်ရှိရာ ကျစ်ဆုံပွေး၊ ဝါးကြီးအိုင်၊ ရေပြည့်၊ လျောင်းတော်ဦး၊ ခွေးတောက်စမ်း၊ ညောင်ပင်ရွာစသော ကျေးရွာများမှပင် အထွက်နည်းလာပြီး ဈေးကွက်အတွင်း ဝင်ရောက်မှုနည်းပါးနေသော်လည်း ဝယ်လိုအားမ
ချင်းပြည်နယ်သည် ဝေးလံခေါင်သီသော တောင်ပေါ်ဒေသဖြစ်ခြင်းကြောင့် ကုန်ပစ္စည်းများ သယ်ယူရေးစရိတ်မြင့်မား၍ အခြားတိုင်းဒေသကြီး/ပြည်နယ်များထက် စက်သုံးဆီဈေးနှုန်းများ ကြီးမြင့်နေသည်ကို တွေ့ရှိရပါသည်။ လက်ရှိအခြေအနေတွင် စက်သုံးဆီများကို အများသောအား ဖြင့် မန္တလေးမြို့မှ လက္ကားဈေးနှုန်းဖြင့် ဝယ်ယူရရှိပြီး ဟားခါးမြို့အတွင်းရှိ စက်သုံးဆီ ဈေးနှုန်း မြင့်တက်/ကျဆင်းခြင်းသည် မန္တလေးမြို့၏ စက်သုံးဆီဈေးနှုန်းမြင့်တက်/ကျဆင်းခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေပါကြောင်း စက်သုံးဆီအရောင်းဆိုင်ရှ
ပခုက္ကူမြို့တွင် ကုန်စိမ်းသီးနှံ ဟင်းသီးဟင်းရွက်သီးနှံဈေး အချို့ဈေးကောင်းနေပြီး ခရမ်းချဉ်သီးဈေးနှုန်းမှာ မြင့်တက်နေကြောင်း၊ ယခုမေလအတွင်း တစ်ပိဿာလျှင်(၆၀၀)ကျပ်မှ (၉၀၀)ကျပ်အထိ သီးနှံအရည်အသွေးအလိုက် ဈေးအမျိုးမျိုးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်ဧပြီလအတွင်းတွင် တစ်ပိဿာလျှင်(၂၀၀)ကျပ်မှ(၄၀၀)ကျပ်အထိ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုမေလဆန်းမှစ၍ ခရမ်းချဉ်သီးများ ဈေးနှုန်းမြင့်တက်လာခဲ့ပါကြောင်း၊ ဈေးတက်လာရခြင်းမှာ ပခုက္ကူဈေးကွက်သို့ ရှမ်းပြည်အင်းလေးဘက်မှ ခရမ်းချဉ်သီးများအဝင်မ