Main menu

မကွေးမြို့ပေါ်တွင် ခရမ်းချဉ်သီးဈေးကောင်းရနေ

Powered by Drupal

          မကွေးတိုင်းဒေသကြီး မကွေးမြို့ပေါ်ရှိ မြို့မဈေး၊ ကန်သာဈေး၊ ရန်ကင်းဈေး၊ ရန်ပယ်ဈေး၊ မင်္ဂလာဈေးများတွင် ဟင်းသီးဟင်းရွက်ကုန်စိမ်းသီးနှံများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ရာသီဥတုပူပြင်းသောတန်ခူး၊ကဆုန်းလများတွင် ခရမ်းချဉ်သီးထွက်ရှိမှုနည်းပါးလာသဖြင့် မကွေးမြို့ နယ်အတွင်း အများဆုံးစိုက်ပျိုးထွက်ရှိရာ ကျစ်ဆုံပွေး၊ ဝါးကြီးအိုင်၊ ရေပြည့်၊ လျောင်းတော်ဦး၊ ခွေးတောက်စမ်း၊ ညောင်ပင်ရွာစသော ကျေးရွာများမှပင် အထွက်နည်းလာပြီး ဈေးကွက်အတွင်း ဝင်ရောက်မှုနည်းပါးနေသော်လည်း  ဝယ်လိုအားမှာများလာသဖြင့် ခရမ်းချဉ်သီးဈေးနှုန်းများ အနည်းငယ် မြင့်တက်လျှက်ရှိကြောင်းသိရှိရပါသည်။

           ခရမ်းချဉ်သီးဈေးနှုန်းအနေဖြင့် ခရမ်းချဉ်သီး(ဗမာသီး/သီးစို) ဈေးနှုန်းမှာ ယခင်လက်လီဈေး တစ်ပိဿာလျှင်(၇၀ဝိ/-)နှုန်းမှ ယခုလက်လီဈေး တစ်ပိဿာလျှင် (၁၂၀ဝိ/-)နှုန်းဖြင့် တစ်ပိဿာလျှင် (၅၀ဝိ/-)နှုန်း၊ ခရမ်းချဉ်သီး(ရှမ်းသီး/သီးခြောက်)ဈေးနှုန်းမှာ ယခင်လက်လီဈေး တစ်ပိဿာလျှင် (၆၀ဝိ/-) နှုန်းမှ ယခုလက်လီဈေးတစ်ပိဿာလျှင်(၁၀၀ဝိ/-)နှုန်းဖြင့် တစ်ပိဿာလျှင်(၄၀ဝိ/-)နှုန်း အသီးသီး ဈေးနှုန်းပြောင်းလဲမြင့် တက်လျှက်ရှိကြောင်း လေ့လာသိရှိရသည်။

DOCA(မကွေး)