Main menu

ပခုက္ကူမြို့ပေါ်ရှိ ခရမ်းချဉ်သီး ဈေးကွက်

Powered by Drupal

             ပခုက္ကူမြို့တွင် ကုန်စိမ်းသီးနှံ ဟင်းသီးဟင်းရွက်သီးနှံဈေး အချို့ဈေးကောင်းနေပြီး ခရမ်းချဉ်သီးဈေးနှုန်းမှာ မြင့်တက်နေကြောင်း၊ ယခုမေလအတွင်း တစ်ပိဿာလျှင်(၆၀၀)ကျပ်မှ (၉၀၀)ကျပ်အထိ သီးနှံအရည်အသွေးအလိုက် ဈေးအမျိုးမျိုးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်ဧပြီလအတွင်းတွင် တစ်ပိဿာလျှင်(၂၀၀)ကျပ်မှ(၄၀၀)ကျပ်အထိ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုမေလဆန်းမှစ၍ ခရမ်းချဉ်သီးများ ဈေးနှုန်းမြင့်တက်လာခဲ့ပါကြောင်း၊ ဈေးတက်လာရခြင်းမှာ ပခုက္ကူဈေးကွက်သို့ ရှမ်းပြည်အင်းလေးဘက်မှ ခရမ်းချဉ်သီးများအဝင်များ၍ ဒေသတွင်း ကိုင်းကျွန်းခရမ်းချဉ်သီးများ အထွက်နည်းသွားပြီး ဝယ်ယူစားသုံးမှုမှာလည်း နည်းပါလာကြောင်း၊ ဝယ်ယူစားသုံးသူများအနေဖြင့် အခွံထူပြီးအထားခံသော ရှမ်းသီးများကိုသာ သုံးစွဲမှုများခြင်းတို့ကြောင့် ခရမ်းချဉ်သီးဈေးမှာ ယခင်လထက် တစ်ပိဿာလျှင်(၄၀၀)ကျပ်ခန့် မြင့်တက်လာကြောင်း၊ ပခုက္ကူဈေးကွက်သို့ ရှမ်းပြည်တောင်ကြီး/အင်းလေးမှ ခရမ်းချဉ်သီးများ နေ့စဉ် ပိဿာ (၂၀)ဝင်ဆံ့ သေတ္တာ အလုံး(၂၀၀) ပိဿာ(၄၀၀၀)ခန့် ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံ ရောင်းဝယ်ရေးလုပ်ငန်းရှင်မှ တစ်ဆင့်သိရှိရသည်။

DOCA(မကွေး)