ကုန်သွယ်မှုသတင်းများ
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနများပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၂၂ခုနှစ် မတ်လ ၃၀ရက်နေ့တွင် ထိုင်းနိုင်ငံ မှ တင်သွင်း ရောင်းချပြီး ထိုင်းနိုင်ငံ FDAမှ သောက်သုံးရန်မသင့်ဟု တားမြစ်ထားသော ရသေ့တံဆိပ် ဆေးများအား မြဝတီမြို့ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များသို့ ရှောင်တခင် ဝင်ရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုး၊ ပခုက္ကူမြို့နယ်တာဝန်ခံ ဦးဇော်မင်းဦးနှင့်အဖွဲ့သည် ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရာတွင် သိရှိလိုက်နာဆောင်ရွက်ရမည့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အမှတ်တံဆိပ်တွင် ပါဝင်ရမည့်ကုန်အညွှန်းအမှတ်အသားများ၊ မြန်မာဘာသာဖြင့်ထည့်သွင်းဖော်ပြရမည့် အချက်များအား သိရှိစ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်နှင့် ပုံပါကျင်မြို့နယ်ခွဲတို့မှ ထွက်ရှိသောကြက်သွန် ဖြူ(ရှမ်းခွံနီ)များကို မတ်လတတိယအပတ်အတွင်း စတင်သိမ်းယူနေပြီး တာချီလိတ်အဝယ်ဒိုင်များသို့ ပို့ဆောင်ရောင်းချကာ ဈေးကောင်းရရှိနေပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယခင်အပတ်တွင် ဓာတ်မြေသြဇာအမျိုး အစားများ ဖြစ်သည့် ယူရီးယား(ပန်းဖူး(တရုတ်))တစ်အိတ် (၉၅၀၀၀)ကျပ်၊ တီစူပါ၄၆% (သံကွင်း (တရုတ်))တစ်အိတ် (၈၀၀၀၀)ကျပ်၊ နိုက်ထိဖောစကာ (သြဘာ) တစ်အိတ် (၇၉၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး၊ ပိုးသတ်ဆေးအမျိုး အစားများဖြစ်သည့် ပိုး(၃)ကောင် (မြန်မာ့ သြဘာ) တစ်ထုပ် (၁၆၅၀၀)ကျပ်၊ မိုရယ်မုန် (သြဘာ)တစ်ဗူး(၁၆၃၀၀)ကျပ်၊ အစီဖိတ် (သြဘာ)တစ်ဗူး (၁၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ မတ်လ စတုတ္ထပတ်တွင် စပါး ဈေးနှုန်းနှင့် ဆန်ဈေးနှုန်းမှာ အနည်းငယ် မြင့်တက်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ မတ်လ တတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၂၈၅၀၀ ၊ မန္တလေးသို့ အိတ်ရေ ၃၄၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၇၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၇၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၈၇၅၀၀၊ တန်အားဖြင့် ၄၃၇၅တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိ