စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယခင်အပတ်တွင် ဓာတ်မြေသြဇာအမျိုး အစားများ ဖြစ်သည့် ယူရီးယား(ပန်းဖူး(တရုတ်))တစ်အိတ် (၉၅၀၀၀)ကျပ်၊ တီစူပါ၄၆% (သံကွင်း (တရုတ်))တစ်အိတ် (၈၀၀၀၀)ကျပ်၊ နိုက်ထိဖောစကာ (သြဘာ) တစ်အိတ် (၇၉၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး၊ ပိုးသတ်ဆေးအမျိုး အစားများဖြစ်သည့် ပိုး(၃)ကောင် (မြန်မာ့ သြဘာ) တစ်ထုပ် (၁၆၅၀၀)ကျပ်၊ မိုရယ်မုန် (သြဘာ)တစ်ဗူး(၁၆၃၀၀)ကျပ်၊ အစီဖိတ် (သြဘာ)တစ်ဗူး (၁၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရသည်။
ယခုအပတ်တွင် ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် ယူရီးယား(ပန်းဖူး(တရုတ်)) တစ်အိတ် (၈၀၀၀၀)ကျပ်၊ တီစူပါ၄၆% (သံကွင်း(တရုတ်))တစ်အိတ် (၈၅၀၀၀)ကျပ်၊ နိုက်ထိဖော စကာ (သြဘာ) တစ်အိတ်(၈၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး၊ ပိုးသတ်ဆေးအမျိုး အစားများဖြစ်သည့် ပိုး(၃)ကောင် (မြန်မာ့သြဘာ)တစ်ထုပ် (၁၆၀၀၀)ကျပ်၊ မိုရယ်မုန် (သြဘာ)တစ်ဗူး(၁၆၅၀၀)ကျပ်၊ အစီဖိတ်(သြဘာ) တစ်ဗူး(၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရှိရသည်။