ကုန်သွယ်မှုသတင်းများ
၂၀၉၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကရင်ပြည်နယ်၊ ဘားအံမြို့ရေပေါ် ဈေးတွင် ပဲထောပတ်အစိုဈေးကောင်းရ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်တွင် ဆန်/စပါးဈေးနှုန်းများတည်ငြိမ်နေသောလည်း ဆန်စီးဝင်မှုများမှာ ယခင် အပတ်ထက်လျော့နည်း၍ စီးဝင်ခဲ့ကြောင်း သံလွင်တံတားမှနေ့စဉ်ပေးပို့လာသော ဇယားများ အရ သိရသည်။
ကရင်ပြည်နယ် ဘားအံမြို့ဈေးကွက်အတွင်းရှိ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလပထမပတ်တွင် ဘားအံမြို့၊မြို့မဈေးကြီးရှိ ဦးကျော်စီုး(ပဲမျိုးစုံ)ဆိုင်သို့ သွားရောက်၍ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများ၏ ဈေးနှုန်းဈေးကွက် အခြေအနေကို ကွင်းဆင်းလေ့လာမေးမြန်းခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် ကရင်ပြည်နယ်၊ဘားအံမြို့ပေါ်ဈေးများရှိ အခြေခံစားကုန် ငါခြောက်အမျိုးမျိုးတို့မှာ ဈေးကောင်းရကာအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် ယင်းငါးခြောက်များသည် ဒေသထွက်ရှိသလို အခြားဒေသမှဝင်ရောက်လာသည်များလည်းရှိကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်တွင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လနောက်ဆုံးပတ်၌ ဖြစ်ပေါ်နေသော အခြေခံစားကုန်များ၏ ဈေးနှုန်းဈေးကွက်အခြေအနေများမှာ ပေါ်ဆန်းဆန် တစ်ပြည်လျှင်(၆၀၀၀) ကျပ် ၊ ဧည့်မထဆန်(မနောသုခ) တစ်ပြည်လျှင်(၃၅၀၀)ကျပ်၊ ဆန်ကွဲ တစ်ပြည်လျှင်(၂၅၀၀)ကျပ် တို့ဖြင့်လည်ကောင်း စားအုန်းဆီ (ရည်ညွှန်းဈေး) တစ်
