Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
04 Jun 2025

    မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ရုံးပတီသီးကို ပန်းတော်ပြင်၊ ဥယျာဉ်၊ ရွာတော်၊ မယ်ဇလီတော စသည့်ကျေးရွာများ၌ စိုက်ပျိုးရောင်းချကြသလို မင်းဘူးမြို့၊ သရက်မြို့နှင့် မကွေးမြို့တို့မှလည်း မှာယူရောင်းချကြောင်း သိရသည်။

04 Jun 2025

    မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ၂၀၂၅ခုနှစ်၊ ဇွန်လ(ပထမပတ်) မှစတင်၍ မြို့ပတ်ဝန်းကျင်ရှိ ပန်းတော်ပြင်၊ ဥယျာဉ်၊ ညောင်ပင်သာ၊ ရွာတော်ကျေးရွာများအပြင် မြစ်အရှေ့ဘက်ကမ်းရှိ ကျွန်းရွာ၊ မြင်ကွန်းရွာတို့မှ ဘူးသီးနှင့် ဘူးညွှန့်များလှိုင်လှိုင်ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

04 Jun 2025

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ မယ်ဇလီတောကျေးရွာသည် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ပြီး ကြက်သွန်နီ၊ ဝါ၊ ကုလားပဲ၊ နေကြာ၊ နှမ်း၊ မေမြို့ပန်း၊ သပြေပန်းနှင့် အခြားမီးဖိုချောင်သုံးသီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြကြောင်း၊ မိုးနှမ်းကို ၂၀၂၅ခုနှစ်၊ မေလ(ဒုတိယပတ်)မှစတင်၍ တောင်သူ(၆၀)ဦးခန့်မှ စိုက်ဧက(၂၀၀)ဧကခန့် စိုက်ပျိုးထားကြောင်း သိရှိရသည်။

04 Jun 2025

အင်ဥ ( ခေါ် ) မှိုဥသည် မိုးဦးစချိန်ကာလတွင် အင်ပင်ငယ်အောက်ရှိ အင်ရွက်ခြောက်တွေ အောက်တွင် ပေါက်ရောက်သော ဥတစ်မျိုးဖြစ်ခြင်းကြောင့် အများစုမှာ အင်ဥဟု ခေါ်ဆိုကြခြင်း ဖြစ်ပါတယ်။

04 Jun 2025

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Pages