Main menu

အဓိက ကုန်သွယ်ရေးသဘောတူညီမှုအဖြစ် အိန္ဒိနိုင်ငံသို့ ပို့ကုန်များ ချဲ့ထွင်ရန် ပြင်ဆင်နေသည့် ထိုင်းနိုင်ငံ

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေးပစ္စည်း များ၊ ကျောက်မြတ်ရတနာနှင့် စက်ပစ္စည်းများ ကုန်သွယ်မှု မြှင့်တင်ရန်အတွက် ASEAN-India သဘောတူညီချက်ကို အလျှင်အမြန်အဆုံးသတ်ရန် တွန်းအားပေးနေကြောင်း သိရပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီးဆိုသူ Chantavit Tandhasit က ၂၀၂၅ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် ASEAN-India ကုန်ပစ္စည်းကုန်သွယ်ရေး သဘောတူညီချက် (AITIGA) တွင် တိုးတက်မှုများရှိစေရန်အတွက် ကျင်းပပြုလုပ်သော အစည်းအဝေးတွင် အထူးဝန်ကြီးအဖြစ် တက်ရောက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ Chantavit ၏အဆိုအရ အဆိုပါညှိနှိုင်းမှုများသည် အခက်အခဲများရှိသော်လည်း ၄၀ ရာခိုင်နှုန်းခန့် တိုးတက်မှုရှိကြောင်း သိရပါသည်။ အဆိုပါ တိုးတက်လာသော သဘောတူညီချက်များတွင် အခွန်ဝန်ထုပ်ဝန်ပိုးလျော့ချခြင်း၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် (SMEs) တွင်ပူးပေါင်းပါဝင်မှုများနှင့် ကုန်သွယ်ရေးကို ထင်သာမြင်သာ၍ မျှတမှုရှိစေသော ကုန်ပစ္စည်းများစျေးကွက်အတွင်း ဝင်ရောက်ခွင့်များ ပါဝင်ကြောင်း သိရပါသည်။ ဝန်ကြီးသည် ဆက်ဆံရေးများ၏ အရေးကြီးမှုသည် ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ခြင်းဖြစ်ကြောင်း အထူးအလေးပေးပြောကြားခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ASEAN နှင့် India ကြား ကုန်သွယ်မှုတန်ဖိုးများသည် အမေရိကန်ဒေါ်လာ ၁၀၆.၈ ဘီလီယံကျော်ရှိခဲ့ကြောင်း မှတ်ချက်ပြုခဲ့ပါသည်။ AITIGA အားအဆုံးသတ်ရန် တွန်းအားပေးခြင်းသည် ထိုင်းနိုင်ငံ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများအတွက် နည်းဗျူဟာမြောက်လှုပ်ရှားမှုတစ်ခုဖြစ်ပြီး အိန္ဒိယနိုင်ငံစျေးကွက် အတွင်းဝင်ရောက်နိုင်ခွင့်ကို ပိုမိုလွယ်ကူစေနိုင်ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်လျော့ချနိုင်ကာ ပြိုင်ဆိုင်မှုများကို အဆင့်မြှင့်တင်နိုင်ကြောင်း သိရပါသည်။ ASEAN မှ အိန္ဒိယနိုင်ငံသို့ အဓိက တင်ပို့သော ပစ္စည်းများမှာ လျှပ်စစ်ပစ္စည်းများ၊ သတ္ထုလောင်စာများနှင့် စက်ပစ္စည်းများဖြစ် ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံမှ ASEAN သို့ တင်ပို့သော ပစ္စည်းများမှာ အဓိကအားဖြင့် သတ္ထု လောင်စာများ၊ ကျောက်မြတ်ရတနာများနှင့် ဓာတုပစ္စည်းများဖြစ်ကြောင်း သိရပါသည်။

Source: Nation Thailand                                                            

DOCA (ရန်ကုန်)