Main menu

အိန္ဒိယနိုင်ငံ၏ သြဂုတ်လ စားအုန်းဆီတင်သွင်းမှုများ ၁၆ ရာခိုင်နှုန်းခန့် မြင့်တက်လျက်ရှိ

Powered by Drupal

    အိန္ဒိယနိုင်ငံ၏ သြဂုတ်လအတွက် စာအုန်းဆီစျေးနှုန်းများသည် ပွဲတော်ရာသီမတိုင်မီ မြေပဲဆီစျေးနှင့်အပြိုင် သန့်စင်သူမျာအား ဝယ်လိုအားများလာစေရန် မြှင့်တင်မှုများကြောင့် မြင့်တက်လျက်ရှိကြောင်း သိရပါသည်။ ကမ္ဘာ့အကြီးဆုံး ဟင်းသီးဟင်းရွက်ဆီဝယ်ယူသော အိန္ဒိယနိုင်ငံ၏ စားအုန်းဆီတင်သွင်းမှုမြင့်တက်ခြင်းသည် ထိပ်သီးထုတ်လုပ်သည့် အင်ဒိုနီးရှား နိုင်ငံအား အထောက်အပံ့ပေးရန်နှင့် မလေးရှားနိုင်ငံ စားအုန်းဆီအနာဂတ်အား အထောက်အပံ့ ဖြစ်စေနိုင်ကြောင်း သိရပါသည်။ သြဂုတ်လတွင် စားအုန်းဆီတန်ချိန်ပေါင်း ၉၉၃၀၀၀ မက်ထရစ် တန်ချိန်ခန့် တင်သွင်းခဲ့ပြီး ၁၆ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ကြောင်း သိရပါသည်။ သြဂုတ်လ အတွင်း မြေပဲဆီတင်သွင်းမှုမှာ တန်ချိန်ပေါင်း ၃၅၅၀၀၀ တန်ချိန်ခန့် ၂၈ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပြီး နေကြာဆီတင်သွင်းမှုမှာ တန်ချိန်ပေါင်း ၂၅၅၀၀၀ တန်ချိန်ခန့် ၂၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် အိန္ဒိယနိုင်ငံသည် သြဂုတ်လမှစတင်၍ ဟင်းသီးဟင်းရွက်ဆီ တန်ချိန် ၆၀၀၀ တန်ခန့် ပထမဆုံးအချိန် စတင် တင်သွင်းခဲ့ကြောင်း သိရပါသည်။ သြဂုတ်လအတွင်း စားအုန်းဆီနှင့် မြေပဲဆီတင်သွင်းမှုမြင့်တက်ခြင်းသည် အိန္ဒိယနိုင်ငံ၏ စားသုံးနိုင်သောဆီတင်သွင်း မှုတွင် တန်ချိန်ပေါင်း ၁.၆ သန်းခန့် ၃.၆ ရာခိုင်နှုန်း မြှင့်တင်ပေးနိုင်ခဲ့ကြောင်း သိရပါသည်။ အဆို ပါ တင်သွင်းမှုပမာဏတွင် နီပေါမှတင်သွင်းလာသော အ‌ကောက်ခွန်မဲ့တင်သွင်းမှုများ မပါဝင် ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံ၏ စက်တင်ဘာလအတွက် စားအုန်းဆီတင်သွင်းမှုသည် တန်ချိန်ပေါင်း၉၀၀၀၀၀ တန်ခန့်ရောက်ရှိရန် မျှော်မှန်းလျက်ရှိပြီး မြေပဲဆီတင်သွင်းမှုကိုလည်း တန်ချိန်ပေါင်း ၄၅၀၀၀၀ တန်ခန့်ရောက်ရှိရန် မျှော်မှန်းကြောင်း မွန်ဘိုင်းအခြေစိုက် ကုန်သွယ်ရေး ဌာနက ပြောကြားခဲ့ပါသည်။ အိန္ဒိယနိုင်ငံသည် စားအုန်းဆီများကို အင်ဒိုနီးရှားနိုင်ငံနှင့် မ‌လေးရှားနိုင်ငံတို့မှ အဓိက တင်သွင်းလျက်ရှိပြီး မြေပဲဆီနှင့် နေကြာဆီများကို အာဂျင်တီးနား နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ ရရှားနှင့် ယူကရိန်းနိုင်ငံတို့မှ တင်သွင်းလျက်ရှိကြောင်း သိရပါသည်။

Source: Economictimes                                                             

DOCA (ရန်ကုန်)