ကုန်သွယ်မှုသတင်းများ
စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းစိုးနှင့် ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၁၅ ) ရက်နေ့နံနက် (၁၀:၃၀) အချိန်တွင် မိတ္ထီလာမြို့နယ်၊ အလည်ရွာအုပ်စု၊ သီတက္ကန်ကျေးရွာရှိ One Village One Product အဖြစ်အိုးလုပ်ငန်းကို တစ်ရွာလုံးနီးပါးထုတ်လုပ်လျှက်ရှိရာ အိုးလုပ်ငန်းများသို့ ကွင်းဆင်းသွားရောက်လေ့လာခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း မြို့နယ် (၄)ခုရှိရာ သာစည်မြို့နှင့်ဝမ်းတွင်းမြို့နယ်သည် ဆည်ရေလုံလောက်စွာ မရရှိခြင်းကြောင့် နွေစပါးစိုက်ဧကမရှိပါကြောင်း သက်ဆိုင်ရာဌာနများနှင့် တောင်သူတို့အား ချိတ်ဆက်မေးမြန်းမှုအရ သိရှိရပါသည်။ မိတ္ထီလာ မြို့သည် ယခင်နှစ်စိုက်ဧကထက် (၂)ဆတိုး၍ စိုက်ပျိုးရန်လျာထားဆောင်ရွက်လျှက်ရှိကြောင်း၊ မလှိုင်မြို့နယ်အတွင်း ယခင်စိုက်ဧကအတိုင်း စိုက်ပျိုးရန်လျာထားဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါ သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သည် ကွမ်းရွက်ပင်များကို စီးပွားဖြစ်စိုက်ပျိုးခြင်းမရှိကြသည့်အတွက် ကွမ်းရွက်များကို တောင်ကြီး၊ မန္တလေးနှင့်အခြားမြို့များမှတဆင့် မှာယူရောင်းချကြရသည်။ ထိုသို့ တဆင့်မှာယူရောင်းချရာတွင် ပွင့်လင်းရာသီနှင့် မိုးရာသီများတွင် ကွမ်းရွက်ဈေး များသည် အနည်းငယ်မျှသာပြောင်းလဲမှုရှိပြီး၊ ဆောင်းရာသီ၌ ကွမ်းရွက်ဈေးများ မြင့်တက်လျက်ရှိပါသည်။ ကွမ်းရွက်ပင်များသည် ပူပြင်းခြောက်သွေ့သောရာသီဥတုနှင့် စိုစွတ်သောရာသီဥတုတွင် စိုက်ပျိုးရန်အကောင်းဆုံးဖြ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူးဒေါ်စန်းမြင့်ရီသည် တိုင်း/ ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် နိုင်ငံခြားသုံးငွေလျှော့ချရေး ပြည်တွင်းထုတ်ကုန်ကဏ္ဍတိုးတက်ဖွံ့ဖြိုးစေရေးအတွက် ဒေသတွင်း လုပ်ငန်းတစ်ခုဖြစ်သည့် စွန့်ပစ်ပစ္စည်း တာယာအဟောင်းမှ အိမ်အသုံးအဆောင်နှင့် ပရိဘောဂပစ္စည်းလုပ်ကိုင်သည့် လုပ်ငန်းရှင်နှင့် (၁၀.၂.၂၀၂၂)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် သွားရောက်တွေ့ဆုံမ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲစာရေးဒေါ်ဝါဝါကြည်သည် တိုင်း/ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်ချက်အရ ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် (၁၃.၂.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့နယ်၊ ကမ္မမြို့ ၊ထန်းတပင်ကျေးရွာရှိ နှမ်းစိုက်တောင်သူဦးဖိုးပြားအား သွားရောက်၍ ယခုနှစ်စိုက်ပျိုးသော နှမ်းများ၏ စိုက်ပျိုးထွက်ရှိမှု အခြေအနေအား လေ့လာမေးမြန်းခဲ့ပါသည