ကုန်သွယ်မှုသတင်းများ
ရှမ်းပြည်နယ်တွင်း တိုင်းရင်းသားပေါင်းများစွာ စုပေါင်းနေထိုင်ကြပြီး ကိုယ်ပိုင်ရိုးရာဓလေ့၊ ယဉ်ကျေးမှုနှင့် ရိုးရာအစားအစာများရှိကြသည်။ ရှမ်းပြည်နယ်ရှိ ရိုးရာအစားအစာများတွင် ရှမ်းလူမျိုးများ နှစ်သက်စွာ စားသုံးနေသော ဝက်ခေါက်ကြော်(သရေပွကြော်) သည်လဲ တစ်ခုအပါအဝင်ဖြစ်သည်။ ရှမ်းဘာသာဖြင့် ဝက်ခေါက်ကြော်ကို နမ်ပေါင်း (နမ်=သရေ၊ ပေါင်း=အပွ) ဟုခေါ်သည်။
စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းဖြင့် ဈေးကွက်အတွင်း ရှိ မိမိတို့ထုတ်ကုန်များမှာ စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းစေနိုင်ကြောင်းကို သုံးစွဲသူက သိရှိလာခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ဈေးကွက်များပိုမိုရရှိပြီး စားသုံးသူရော ထုတ်လုပ်သူပါ(Win … Win)ဖြစ်လာစေရန် ရည်ရွယ်၍ ဖေဖေါ်ဝါရီလ(၁၁)ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင် တိုင်းဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် စီးပွားရေးနှင့
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ဗမာ၊ ရှမ်း၊ လားဟူ၊ အာခါလူမျိုးများ အများဆုံးနေထိုင်ပြီး ဗမာလူမျိုးများသည် အနယ်နယ်အရပ်ရပ်မှ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် လာရောက်အလုပ်လုပ်ကိုင်နေထိုင်သူများဖြစ်ကာ ရှမ်း၊ လားဟူ၊ အာခါလူမျိုးများနှင့် အခြားလူမျိုးစုအနည်းငယ်မှာ ဒေသခံတိုင်းရင်းသားများဖြစ်ကြပါသည်။ အဓိကအစားအစာ စားသုံးမှုအနေဖြင့် ကျိုင်းတုံမြို့ရှိ ဒေသခံအနည်းငယ်နှင့်ဗမာလူမျိုးအများစုသည် ပြည်မမှတင်ပို့ ရောင်းချသော ပေါ်ဆန်းမွှေး၊ မနောသုခ၊ ဇီယာဆန်များကို အမျ
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်သည် သဘာဝပေါက်ပင်နှင့် တောတောင်များ ပေါများသဖြင့် ဒေသခံပြည်သူများသည် မိမိတို့၏ လယ်ယာလုပ်ငန်းများအပြင် သဘာဝပျားရည်ဖွတ်သည့်လုပ်ငန်းများကိုလည်း ရာသီအလိုက် လုပ်ကိုင်ဆောင်ရွက်ကြပြီး တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေကို ရှာဖွေပေးလျက်ရှိကြောင်း သိရပါသည်။
ပဲခူးတိုင်းဒေသကြီး (အနောက်) ၊သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် တိုင်းရင်းဆေးကုန်ကြမ်းဖြစ်သော မာလာဥများအရောင်းအဝယ်ဖြစ်နေကြောင်း တွေ့ရှိရသည်။ ဒေသခံကုန်သည်များထံသို့ ဇီးကုန်းမြို့နယ် အရှေ့ဘက် တောင်ခြေတဝိုက်နှင့် မြို့နယ်ဆက်စပ်ဒေသများမှ လာရောက်ရောင်းချနေကြောင်း ၊ တစ်နေ့လျှင် ပိဿာချိန် ၆၀၀မှ ၂၀၀၀ခန့်ရောင်းဝယ်လျှက်ရှိရာ အောက်တိုဘာလမှ ဇန်နဝါရီလအထိ လှိုင်လှိုင်ရရှိနေပြီး ဇီးကုန်းမြို့နယ်အရှေ့ဘက် ကြိုးဝိုင်းတောနှင့် တောင်ခြေအင်းတိုင်း တောများမှ အများဆုံးထွက်ရှိကြော