ကုန်သွယ်မှုသတင်းများ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဧရာဝတီပေါ်ဆန်းခေတ်ပြန်လည် ဆန်းသစ်ပေါ်ထွန်းလာစေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် သက်ဆိုင်ရာဌာန ဆိုင်ရာများပေါင်းစပ်၍ ရေကြည်ပေါ်ဆန်းစပါးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချလျှက်ရှိသော တောင်သူများ၊ ကုန်သည်များ၊ စက်ပိုင်များနှင့် ပေါင်းစည်းဆောင်ရွက်လျက်ရှိပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၏ သရေခေတ္တရာပျူမြို့ဟောင်းနယ်မြေ မှော်ဇာကျေးရွာအုပ်စုတွင် ကျေးရွာခွဲ(၁၅)ရွာရှိပြီး စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပါသည်။ မိုးရာသီတွင်မိုးစပါးကို အဓိကထားစိုက်ပျိုးပြီး ဖူးစားပြောင်း၊ မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစင်းငုံနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးကြပါသည်။ ဆောင်းရာသီတွင် ဟင်းသီးဟင်းရွက်ကို အများဆုံး စိုက်ပျိုးကြကာ မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ပြောင်းဖူးများကိုလည်း စိုက်ပျိုးကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်နှင့် ဝန်ထမ်းများသည် ပြည်တွင်းဒေသ ထွက်ကုန်ချည်ထည်များအား ပြည်ပဈေးကွက်သို့ ပိုမိုထိုးဖောက်နိုင်ရန်ရည်ရွယ်၍ ပြည်တွင်း SMEs ကုန်စည်ပြပွဲများနှင့် ပြည်ပကုန်စည်ပြပွဲများသို့ သွားရောက်ပြသနေသည့် ပခုက္ကူမြို့၊ အမှတ်(၁၁) ရပ်ကွက်၊ (၆)လမ်းတွင်တည်ရှိသော “ဂဠုန်မင်းညီနောင်” ချည်ထည်အမျိုးမျိုး ထုတ်လုပ် ရောင်းဝယ်ရေးသို့ ဇန်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ စားသုံးသူရေးရာဦးစီးဌာနမှ ရွှေတောင်မြို့နယ် တာဝန်ခံဦးအောင်နိုင်ဦးနှင့် အဖွဲ့သည် (၁၉.၁.၂၀၂၂)နေ့လည် (၁:၃၀)နာရီတွင် ရွှေတောင်မြို့နယ် ကွင်းယားကြီးအုပ်စုသို့ သွားရောက်၍ ဆောင်းမြေပဲစိုက်ပျိုးထုတ်လုပ်မှု၊ စျေးနှုန်းစျေးကွက် အခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် UMFCCI ဗဟိုအလုပ်မှုဆောင် ဦးအောင်ကြည်စိုးတို့သည် ညောင်တုန်းမြို့နယ် ထိပ်ဝလေးကျေးရွာ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူ ဦးကျော်ဟိန်း၏နေအိမ်၌ (၂၃.၁.၂၀၂၂)နေ့ နံနက်တွင် စိုက်ပျိုးထုတ်လုပ်နေသော ဟင်းသီး ဟင်းရွက်များ Famer Market ဖော်ဆောင်၍ ဈေးကွက်ရရှိရေး တွေ့ဆုံဆွေးနွေးခဲ့ပါသည်။