ကုန်သွယ်မှုသတင်းများ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ နွားစားငုတ်ကျေးရွာနေ ပြည်သူများသည် လက်မှုလုပ်ငန်းဖြစ်သော တောင်း၊ဆန်ကော၊ဆန်ကာ ယက်လုပ်ခြင်း လုပ်ငန်းကို ယခင်က ကျေးရွာတစ်ရွာလုံး မိရိုးဖလာ လုပ်ကိုင်လာခဲ့ကြရာမှ ယခုအခါ အကျိုးအမြတ်နည်းပါးခြင်း၊ ဝယ်ယူအသုံးပြုမှုနည်းပါးခြင်း၊ အခြား လုပ်ငန်းဖြစ်သော ပန်းရံ၊ လက်သမား၊ ဆံပင်ကျွတ်လုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင်လာကြခြင်းတို့ကြောင့် တောင်း၊ဆန်ကော၊ ဆန်ကာယက်လုပ်ခြင်းလုပ်ငန်းကို အဓိက လုပ်ကိုင်သူ နည်းပါးလာကြောင်း သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်များမှ ပဲတီရွှေဝါအသစ်များ ဈေးကွက်အတွင်း အဆက်မပြတ် ဝင်ရောက်လျက်ရှိရာ ယခင်ကာလတူနှစ်များထက် အဖွင့်ဈေးကောင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ယခုနှစ် အသစ်ပေါ်လာသည့် ပဲတီရွှေဝါများမှာ အရည်အသွေးကောင်းသောကြောင့် ဈေးကောင်းရရှိနေပြီး ယခင်နှစ် ပဲတီရွှေဝါတစ်တင်းလျှင် ကျပ် ၄၀၀၀၀ခန့်ရှိပြီး ယခုနှစ် ဇန်နဝါရီလ ပဲပေါ်ချိန်တွင် ပဲတီရွှေဝါ တစ်တင်းလျှင် ကျပ် ၄၄၅၀၀ အထိ ရနေကြောင်း သိရသည်။၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ထိရရှိထားသော သတင်းအချ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ကျေးလက်ဒေသများတွင် နွေစပါး စိုက်ပျိုးရန် တောင်သူဦးကြီးများ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လာကြပါသည်။ ၂၀၂၁ ခုနှစ်၊ မိုးစပါးကာလ မေလမှ အောက်တိုဘာလကုန်အထိ ၆ လတာ ကာလအတွင်း ရွာသွန်းသောမိုးရေချိန် မှာ ၇၂.၃၅ လက်မရှိကြောင်း တောင်ငူခရိုင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ မှတ်တမ်းအရ သိရပါသည်။ မြန်မာနိုင်ငံသည် ရေမြေသဘာဝနှင့် ပတ်ဝန်းကျင်၏ အလေးသာမှု ကြောင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သည့် တောင်သူဦးကြီးများကို ကောင်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲစာရေး ဒေါ်ဝါဝါကြည်သည် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ပြည်တွင်းမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် (၁၃.၁.၂၀၂၂)ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ပခုက္ကူမြို့နယ်၊ ဆွဲကြီးကျေးရွာရှိ CP ကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင် ဦးကျော်နိုင်သို့သွားရောက်မေးမြန်းခဲ့ရာ CP ကြက်မျိုးအနေဖြင့် ရာသီဥတုဒဏ်ခံနိုင်သော (Bel Ga) မျိုးကို မွေ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် မတ်ပဲသီးနှံများ စိုက်ပျိုးမှုမှာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ၄၀၀၃၈ ဧကစိုက်ပျိုးခဲ့ပြီး သဲကုန်းမြို့နယ်၊ ပန်းတောင်းမြို့နယ်၊ ပေါက်ခေါင်းမြို့နယ် နှင့် ပေါင်းတည် မြို့နယ်များမှာ အများဆုံးစိုက်ပျိုးကြောင်းသိရှိရပါသည်။ လယ်ယာမြေတွင် စိုက်ပျိုးသော မတ်ပဲသစ် များမပေါ်သေးသော်လည်း ကုန်းတန်းများတွင် အလျဉ်းသင့်သလို ဆောလျှင်စွာ စိုက်ပျိုးသည့် မတ်ပဲသစ်များထွက်ပေါ်လျက်ရှိရာ အဆိုပါ ကုန်းတန်းမတ်ပဲသစ်များနှင့် လက်ကျန် ပဲအဟောင်းများ အရောင်းအဝယ်ဖြစ်လျက်