Main menu

ပဲတီရွှေဝါစိုက်တောင်သူများ အကျိုးအမြတ်ရရှိ

Powered by Drupal

              ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်များမှ ပဲတီရွှေဝါအသစ်များ ဈေးကွက်အတွင်း အဆက်မပြတ် ဝင်ရောက်လျက်ရှိရာ ယခင်ကာလတူနှစ်များထက် အဖွင့်ဈေးကောင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ယခုနှစ် အသစ်ပေါ်လာသည့် ပဲတီရွှေဝါများမှာ အရည်အသွေးကောင်းသောကြောင့်  ဈေးကောင်းရရှိနေပြီး ယခင်နှစ် ပဲတီရွှေဝါတစ်တင်းလျှင် ကျပ် ၄၀၀၀၀ခန့်ရှိပြီး ယခုနှစ် ဇန်နဝါရီလ ပဲပေါ်ချိန်တွင် ပဲတီရွှေဝါ တစ်တင်းလျှင် ကျပ် ၄၄၅၀၀ အထိ ရနေကြောင်း သိရသည်။၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ထိရရှိထားသော သတင်းအချက်အလက်များအရ အိန္ဒိယအစိုးရက မတ်ပဲအပါအဝင် ပဲစင်းငုံနှင့် ပဲတီစိမ်းများကို ကန့်သတ်ကုန်စည်အဖြစ်မှ ပယ်ဖျက်ထားကာ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့ အထိလွတ်လပ်စွာ တင်သွင်းခွင့်ပြုထားသည့်အတွက် မြန်မာနိုင်ငံမှ ပဲဈေးကွက်အတွင်း အရောင်းအဝယ်သွက်လာပြီး ဆက်လက်စျေးမြင့်တက်လာနိုင်ကြောင်း သိရှိရပါသည်။

          ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲတီရွှေဝါများသည် ရန်ကုန်မှ ကုမ္ပဏီများသို့ အများဆုံး ပို့ဆောင်လျက်ရှိကြောင်းသိရပြီး ယခုနှစ် အထွက်နှုန်းအနေဖြင့် ယခင်နှစ်များကဲ့သို့ ပုံမှန်ထွက်ရှိနေသည့်အတွက် တောင်သူများအနေဖြင့် ယခုပဲပေါ်ချိန်တွင် ဈေးနှုန်းကောင်းများ ရရှိနေခြင်းကြောင့် အကျိုးအမြတ် ရရှိနေကြောင်းသတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး