Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
04 Jun 2025

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့တွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်းပြုကြသူများရှိသလို တောတောင်ကို အမှီပြုပြီး သပြေပန်းချိုးရောင်းခြင်း၊ မျှစ်ချိုးရောင်းခြင်း၊ မှိုရှာရောင်းခြင်း၊ အသီးအရွက်ခူးရောင်းခြင်း၊ အင်ဖက်ခူးရောင်းခြင်းနှင် ပျားရှာ သည့်လုပ်ငန်းတို့ကိုလည်း လုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးတွက် အသက်မွေးဝမ်းကြောင်းပြုသူ များရှိသည့်အနက် သပြေပန်းကိုလည်းချိုးပြီး ကျွန်းလှမြို့သစ်ရာမြိုင်ဈေးတွင် လာရောက် ရောင်းချ လျက်ရှိကြောင်း သိရသ

04 Jun 2025

  ကျွန်းလှမြို့ရှိ ပြည်သူတစ်ချို့သည့် စိုက်ပျိုးရေးကိုအခြေခံ၍ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် သခွားသီး၊ ရုံးပတီသီး၊ ခရမ်းသီး၊ ဘူးသီး၊ ချဉ်ပေါင်ရွက် စသည် တို့ကိုလည်း စိုက်ပျိုးထားရှိကြပြီး သခွားသီးမျိုးများဖြစ်သည့် ရိုးရိုးဗမာသခွားသီးနှင့် တိုင်ထောင်သခွားသီး ဟူ၍ နှစ်မျိုးစိုက်ပျိုးကြပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ လာရောက်ပို့ဆောင်ရောင်းချကာ ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

04 Jun 2025

  ကျွန်းလှမြို့ပေါ်ရပ်ကွက်များနှင့် ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးကြသော ရွှေဖရုံ သီးများကို ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေးကွက်အတွင်းသို့ လာရောက်ပို့ဆောင်ရောင်းချကြပြီး ရာသီချိန် မဟုတ်သည့် ကာလများတွင် ရွှေဖရုံသီးများကို မန္တလေးမြို့တို့မှ မှာယူ၍ရောင်းချရကြောင်း သိရှိရပါသည်။

04 Jun 2025

   ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ရှားပါးသော ရာသီ၌ ရောင်းချ ရန်အတွက် ဒေသအတွင်းထွက်ရှိသည့် မျှစ်များ လှိုင်လှိုင်ရောင်းချလျက်ရှိကြောင်း သိရပါသည်။

04 Jun 2025

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကန့်ဘလူမြို့ပေါ်ရပ်ကွက်များတွင် မိမိတို့နေအိမ် ခြံဝင်းစည်းရိုးများနှင့် လယ်ယာမြေများပေါ်တွင် အရိပ်ရစေရန်အတွက် စိုက်ပျိုးကြသလို အလေ့ကျ ပေါက်‌ရောက်သည့် အပင်များလည်းရှိကြရာမှ ယခုအ‌ခါတွင် မန်ကျည်းသီးအမှည့်များကို ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက်ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်းသိရသည်။

Pages