Main menu

သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော ‌ရွှေဖရုံသီး ဈေးနှုန်း

Powered by Drupal

  ကျွန်းလှမြို့ပေါ်ရပ်ကွက်များနှင့် ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးကြသော ရွှေဖရုံ သီးများကို ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေးကွက်အတွင်းသို့ လာရောက်ပို့ဆောင်ရောင်းချကြပြီး ရာသီချိန် မဟုတ်သည့် ကာလများတွင် ရွှေဖရုံသီးများကို မန္တလေးမြို့တို့မှ မှာယူ၍ရောင်းချရကြောင်း သိရှိရပါသည်။

    ယခု ၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးအပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေးကွက်အတွင်းရှိ ရွှေဖရုံ သီးဈေးနှုန်းအနေဖြင့် ရွှေဖရုံသီးအကြီးတစ်လုံးလျှင် ၃,၅၀၀ ကျပ်၊ ရွှေဖရုံသီအလတ်တစ်လုံးလျှင် ၃,၀၀၀ ကျပ်၊ ရွှေဖရုံသီးအသေးတစ်လုံးလျှင် ၂,၀၀၀ ကျပ် နှင့် ရွှေဖရုံသီးတစ်စိတ်လျှင် ၅၀၀ ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်‌ဈေးတွင် ကုန်စိမ်းသီးနှံမျိုးစုံရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)