Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
03 Jun 2025

  ကျွန်းလှမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့ အိမ်ခြံဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် စားဖိုဆောင်သီးနှံများ၊ နှစ်ရှည်သီးနှံပင်များကို  စိုက်ပျိုးထားကြသည့်အနက် နှစ်ရှည်ပင်ဖြစ်သည့် ပိန္နဲပင်သည်လည်း တစ်မျိုးပါဝင်ပါသည်။ ပိန္နဲသီး ပြုတ်ကို ဖေဖော်ဝါရီလမှစ၍ ဈေးကွက်အတွင်းသို့ ရောက်ရှိလာကြောင်း သိရသည်။

03 Jun 2025

  ကျွန်းလှမြို့ရှိ ရှမ်းစုကျေးရွာတွင် တစ်ပိုင်တစ်နိုင် အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန် ပြောင်းချိုပင်ကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးပတ် ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော ပြောင်းချိုဖူး ဈေးနှုန်း အနေဖြင့် ပြောင်းချိုအဖူးကြီး တစ်ဖူးလျှင် ၇၀၀ ကျပ်၊ ပြောင်းချို အဖူးလတ် တစ်ဖူးလျှင် ၆၀၀ ကျပ် နှင့်ပြောင်းချို အဖူးသေးတစ်ဖူးလျှင် ၅၀၀ ကျပ် ဈေးနှုန်းတို့ဖြင့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

03 Jun 2025

 ကျွန်းလှမြို့ ပေါ်ရှိ  ပိ‌တောက်မြိုင်ဈေးထဲတွင် ကုန်စိမ်းသီးနှံနှင့် တွက်ဖက်၍ ပဲရေပွ၊ တို့ဟူးစိမ်း တို့ကိုပါ လုပ်ကိုင်ရောင်းချလျက်ရှိကြောင်း သိရပါသည်။

 ၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးပတ်အတွင်း ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော တို့ဟူးစိမ်း ဈေးနှုန်းများမှာ တို့ဟူးစိမ်းတစ်ပိဿာလျှင် ၃,၀၀၀ ကျပ်၊ ငါးဆယ်ကျပ်သားလျှင် ၁,၅၀၀ ကျပ်၊ ၂၅ ကျပ် သားလျှင် ၈၀၀ ကျပ် ဈေးနှုန်းတို့ဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။     

03 Jun 2025

ကျွန်းလှမြို့တွင် ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် စားသောက်ကုန် ပစ္စည်းများကို ရောင်းချလျက်ရှိရာ ယခုချိန်တွင် ညောင်ရွက်များရောင်းချလျက်ရှိကြောင်း  သိရ သည်။

03 Jun 2025

 ကျွန်းလှမြို့နယ်တွင် ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါးဈေးနှုန်းများ ထဲမှ ငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

  ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများသည် ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

Pages