Main menu

ကျွန်းလှမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ငါးချောင်း ဈေးနှုန်း

Powered by Drupal

 ကျွန်းလှမြို့နယ်တွင် ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါးဈေးနှုန်းများ ထဲမှ ငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

  ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများသည် ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

  ၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးအပတ်တွင် ကျွန်းလှမြို့၏ ငါးချောင်းဈေးနှုန်းများအနေဖြင့် ငါးချောင်း(အကြီး) ရှယ်ဆိုက်ဝင် တစ်ကောင်ကို ၇၀ ကျပ်သားအထက် တစ်ပိဿာလျှင် ၂၀,၀၀၀ ကျပ်၊ ငါးချောင်း (အလတ်) နှင့် (အသေး) တစ်ပိဿာလျှင် ၁၂,၀၀၀ ကျပ် နှင့် ၅၀ ကျပ်သားလျှင် ၆,၀၀၀ ကျပ်၊ ဈေးနှုန်းအသီးသီးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)