ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး၊ သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ မိုးသီးနှံ အစေ့ထုတ်ပြောင်း(၈၈၉၃၁)ဧက စိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ကြောင်း၊ အစေ့ထုတ်ပြောင်းကို ကန့်ဘလူ မြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင်လည်း စိုက်ပျိုးကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံကိုလည်း စိုက်ပျိုးကြောင်း၊ မိုးစိုက်နေကြာနှင့် ဆောင်းစိုက်နေကြာ ဟူ၍(၂)မျိုးရှိပြီး၊ ကန့်ဘလူမြို့နယ်တွင် ဆောင်းနေကြာကို (၂၉၃၅)ဧက စိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ကြောင်း ကြေတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ထောပတ်ပဲသီးနှံကို စိုက်ပျိုးထားရှိ ကြောင်း၊ ထောပတ်ပဲသီးနှံကို ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြား သောကျေးရွာများတွင် စိုက်ပျိုးကြပြီး ထောပတ်ပဲ(ဆောင်း)သီးနှံကို ယခုအချိန်တွင် ရိတ်သိမ်းပြီး ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် သီးနှံမျိုးစုံ စိုက်ပျိုး လျက်ရှိရာ စွန်တာနီ(ပဲနီ)သီးနှံများကို ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာ နှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးလျက်ရှိပြီး ဆောင်းသီးနှံ စွန်တာနီ(ပဲနီ)(၁၃၉၃)ဧက စိုက်ပျိုးရိတ် သိမ်းနိုင်ခဲ့ကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကုလားပဲ သီးနှံကို မှော်တော်ကျေးရွာ၊ မြေထူးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြောင်း၊ ဆောင်းကုလားပဲ(၆၉၁၉)ဧက စိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
