Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
04 Jun 2025

   ကျွန်းလှမြို့တွင် ဘူးသီးများစိုက်ပျိုး၍ ဈေးကွက်သို့ ရောင်းချလျက်ရှိရာ  မေလ နောက်ဆုံးပတ်၌ သစ်ရာမြိုင်ဈေးတွင် ဖြစ်ပေါ်နေသော ဘူးသီးဈေးနှုန်းအနေဖြင့် အကြီးတစ်လုံးလျှင် ၂,၅၀၀ ကျပ်၊ ဘူးသီး (အလတ်) တစ်လုံးလျှင် ၂,၀၀၀ ကျပ်၊ ဘူးသီး (အသေး) တစ်လုံးလျှင် ၁,၅၀၀ ကျပ်နှင့် ဘူးသီး တစ်စိတ် လျှင် ၅၀၀ ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)

04 Jun 2025

 ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များမှ မိမိတို့တောင်ယာများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးကို လုပ်ကိုင်လျက်ရှိရာ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ နေကြာ စသည်တို့အနက်မှ စွန်တာနီပဲ (ခေါ်) ပဲနီကိုလည်း စိုက်ပျိုးလျက်ရှိပြီး ပဲနီကို ကန့်ဘလူမြို့ပွဲရုံများနှင့် ကျွန်းလှမြို့ပေါ် ဈေးကွက်သို့ လာရောက်ရောင်းချကာ ဈေး‌ကောင်းရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရ သည်။

04 Jun 2025

ကလေးမြို့ပေါ်တွင် ဧပြီလမှ စတင်၍ ဈေးကောင်းရရှိသည့် ပုရစ်များ၊ ပုရစ်ကြော်များ ဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားလျက်ရှိကြပါသည်။

ပုရစ်များကို ကလေးမြို့နယ်ရှိ ကင်မွန်းခြုံ၊ ဥယျာဉ်ကျေးရွာများမှ ကလေးမြို့ပေါ်သို့ လာရောက်ရောင်းချလျက်ရှိပါသည်။

04 Jun 2025

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ ဈေးကွက်တွင် ချင်းတောင်မှ ထွက်ရှိသည့် ကြက်သွန်နီ၊ အာလူး၊ ပန်းမုန်လာ၊ ဂေါ်ရခါးသီးများ၊ ပန်းဂေါဖီနှင့် ခရမ်းချဉ်သီးများ အရောင်း အဝယ်ဖြစ်လျက် ရှိပြီး  ဈေးနှုန်း/ဈေးကွက်များအား ဒေါ်မိငယ် ကုန်စိမ်းပွဲရုံထံမှ မေးမြန်းသိရှိရပါသည်။

03 Jun 2025

   ကျွန်းလှမြို့တွင် ကုန်စိမ်းသီးနှံများရောင်းချပြီး ပဲတီစိမ်းကို ပဲတီပင်ပေါက်ဖောက်၍  ရောင်းချ ကြကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ မေလ ‌နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေ သော ပဲတီပင်ပေါက်ဈေးနှုန်းမှာ ပဲတီပင်ပေါက် တစ်ပိဿာလျှင် ၅,၀၀၀ ကျပ်၊ ၅၀ ကျပ်သားလျှင် ၂,၅၀၀ ကျပ်၊ ၂၅ ကျပ်သားလျှင် ၁,၅၀၀ ကျပ် နှင့် တစ်ဆယ်ကျပ်သားခန့်တစ်ပုံလျှင် ၅၀၀ ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

DOCA (စစ်ကိုင်း)

Pages