ကုန်သွယ်မှုသတင်းများ
ကျွန်းလှမြို့တွင် ကုန်စိမ်းသီးနှံများရောင်းချပြီး ပဲတီစိမ်းကို ပဲတီပင်ပေါက်ဖောက်၍ ရောင်းချ ကြကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေ သော ပဲတီပင်ပေါက်ဈေးနှုန်းမှာ ပဲတီပင်ပေါက် တစ်ပိဿာလျှင် ၅,၀၀၀ ကျပ်၊ ၅၀ ကျပ်သားလျှင် ၂,၅၀၀ ကျပ်၊ ၂၅ ကျပ်သားလျှင် ၁,၅၀၀ ကျပ် နှင့် တစ်ဆယ်ကျပ်သားခန့်တစ်ပုံလျှင် ၅၀၀ ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA (စစ်ကိုင်း)

ကျွန်းလှမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့ အိမ်ခြံဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် စားဖိုဆောင်သီးနှံများ၊ နှစ်ရှည်သီးနှံပင်များကို စိုက်ပျိုးထားကြသည့်အနက် နှစ်ရှည်ပင်ဖြစ်သည့် ပိန္နဲပင်သည်လည်း တစ်မျိုးပါဝင်ပါသည်။ ပိန္နဲသီး ပြုတ်ကို ဖေဖော်ဝါရီလမှစ၍ ဈေးကွက်အတွင်းသို့ ရောက်ရှိလာကြောင်း သိရသည်။

ကျွန်းလှမြို့ရှိ ရှမ်းစုကျေးရွာတွင် တစ်ပိုင်တစ်နိုင် အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန် ပြောင်းချိုပင်ကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးပတ် ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော ပြောင်းချိုဖူး ဈေးနှုန်း အနေဖြင့် ပြောင်းချိုအဖူးကြီး တစ်ဖူးလျှင် ၇၀၀ ကျပ်၊ ပြောင်းချို အဖူးလတ် တစ်ဖူးလျှင် ၆၀၀ ကျပ် နှင့်ပြောင်းချို အဖူးသေးတစ်ဖူးလျှင် ၅၀၀ ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့ ပေါ်ရှိ ပိတောက်မြိုင်ဈေးထဲတွင် ကုန်စိမ်းသီးနှံနှင့် တွက်ဖက်၍ ပဲရေပွ၊ တို့ဟူးစိမ်း တို့ကိုပါ လုပ်ကိုင်ရောင်းချလျက်ရှိကြောင်း သိရပါသည်။
၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးပတ်အတွင်း ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော တို့ဟူးစိမ်း ဈေးနှုန်းများမှာ တို့ဟူးစိမ်းတစ်ပိဿာလျှင် ၃,၀၀၀ ကျပ်၊ ငါးဆယ်ကျပ်သားလျှင် ၁,၅၀၀ ကျပ်၊ ၂၅ ကျပ် သားလျှင် ၈၀၀ ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့တွင် ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် စားသောက်ကုန် ပစ္စည်းများကို ရောင်းချလျက်ရှိရာ ယခုချိန်တွင် ညောင်ရွက်များရောင်းချလျက်ရှိကြောင်း သိရ သည်။
