Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
03 Jun 2025

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါ သည်။

03 Jun 2025

ရွှေဘိုခရိုင်အတွင်းတွင် မေလ စတုတ္ထပတ်တွင် စပါး/ဆန်ဈေးနှုန်းများ တည်ငြိမ် နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ မေလ တတိယပတ်တွင်  ရန်ကုန်သို့ (၄၈၁၅၀)အိတ်၊ မန္တလေးသို့ (၃၉၀၀၄) အိတ်၊နေပြည်တော်သို့ (၇၄၀)အိတ်၊ပဲခူးတိုင်းသို့ (၁၁၃၅၅)အိတ်၊ ဧရာဝတီတိုင်းသို့ (၁၅၅) အိတ်၊ မကွေးတိုင်းသို့ (၁၅၉၉)အိတ်၊ ရှမ်း(တောင်)သို့ (၂၄၅၅၀)အိတ်၊ ကချင်ပြည်နယ်သို့ (၃၀၇၀)အိတ်၊ မွန်ပြည်နယ်သို့ (၁၂၂၃၀)အိတ်၊ ကရင်ပြည်နယ်သို့ (၂၂၃၀) အိတ်၊ မူဆယ်သို့ (၉၃၀)အိတ်၊ ကယားပြည်နယ်သို့ (၃၆၀)

03 Jun 2025

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး မြေပဲလုံးဆံများကို မြေပဲစိုက်ပျိုးရာ၌လည်းကောင်း ၊ ဆီစက်လုပ်ငန်းရှင် အချို့မှ မြေပဲဆီကြိတ်ကာ ကုန်ချောထုတ်လုပ်၍ ပြန်လည်ရောင်းချကြောင်း၊ မြေပဲလုံးဆံကို မြေပဲယို၊ မြေပဲဆားလှော် စသည်ဖြင့်လည်း အသုံးပြုကြကြောင်း သိရသည်။

03 Jun 2025

  ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသ တစ်ခုဖြစ်ပြီး ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ မြေထူးကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ဆောင်းနှမ်းကိုအဓိက စိုက်ပျိုး ကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော နှမ်းသီးနှံများကို မန္တလေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ကြောင်း သိရသည်။

03 Jun 2025

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက် ရှိရာ၊ ဆောင်းမတ်ပဲ(၃၈၅၄၄)ဧက စိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ကြောင်း၊ မတ်ပဲသီးနှံကို ကန့်ဘလူမြို့နယ် မြေထူးကျေးရွာ၊ တောက္ကရှပ်ကျေးရွာ၊ ညောင်ဇင်ကျေးရွာများတွင် အဓိကစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

Pages