Main menu

ရာသီစာ ပုရစ်နှင့် ပုရစ်ကြော်များ ဈေးကောင်းရရှိနေ

Powered by Drupal

ကလေးမြို့ပေါ်တွင် ဧပြီလမှ စတင်၍ ဈေးကောင်းရရှိသည့် ပုရစ်များ၊ ပုရစ်ကြော်များ ဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားလျက်ရှိကြပါသည်။

ပုရစ်များကို ကလေးမြို့နယ်ရှိ ကင်မွန်းခြုံ၊ ဥယျာဉ်ကျေးရွာများမှ ကလေးမြို့ပေါ်သို့ လာရောက်ရောင်းချလျက်ရှိပါသည်။

ဧပြီလအစတွင် ပုရစ် ( အစိမ်း ) တစ်ပြည်လျင် ( ၁၂၀၀၀ ) ကျပ်၊ ပုရစ်ကြော် ( ချို/စပ် ) တစ်ဗူးလျင် ( ၅၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားလျက်ရှိကြပြီး ယခု မေလတွင် ပုရစ် ( အစိမ်း ) တစ်ပြည်လျင် ( ၄၀၀၀ ) ကျပ်၊ ပုရစ်ကြော် ( ချို/စပ် ) တစ်ဗူးလျင် ( ၃၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများဖြင့် ဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားလျက်ရှိပါကြောင်း ဈေးကွက်စုံစမ်းမှုများအရ သိရှိရပါသည်။

Doca(စစ်ကိုင်း)