ကုန်သွယ်မှုသတင်းများ
မော်လမြိုင်ကုန်စည်ဒိုင် (လပတ်) အစည်းအဝေး (၁/၂၀၂၂) ကို ၂၆.၁.၂၀၂၂ ရက်နေ့ (၁၃:၀၀) ချိန်တွင် မော်လမြိုင်ကုန်စည်ဒိုင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မော်လမြိုင်ကုန်စည်ဒိုင် ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ အသင်းဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ မွန်ပြည်နယ်ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဌနှင့် အသင်းတာဝန်ခံများ၊ Rohmonnya Business Institute မှ ဒါရိုက်တာနှင့် National Enlightenment Institute (NEI) မှ အုပ်ချုပ်မှုဒါရိုက်တာနှင့်အဖွဲ့ဝင်မျာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်အတွင်းရှိ ဖန်မင်အုပ်စု၊ ဝမ်ကောကျေးရွာနှင့် တာလေမြို့နယ်ခွဲတို့တွင် GAP-Good Agriculture Practices စနစ်ဖြင့် (သီးနှံများစတင် စိုက်ပျိုးရန် မြေစတင်ရွေးချယ်ချိန်မှစ၍ စားသုံးသူများ လက်ဝယ်ရောက်ရှိသည် အထိ စိုက်ပျိုးထုတ်လုပ်မှုအဆင့်တိုင်းကို သီးနှံများ၌ ဓာတုဆေးများ၊ ကူးစက်မှုများစသည့် ဘေးအန္တရာယ်ကင်းရှင်းရေးကို အထူးဂရုပြုဆောင်ရွက်ခြင်း အလေ့အကျင့်ကောင်း) စိုက်ပျိုးထား ရှိသော ပျားလိမ္မော်ဧက(၅၀၀)ကျော်ပိုင်ဆိ

၂၈.၁.၂၀၂၂ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်သည် ဆန်စပါးပဲမျိုးစုံ အဓိကထားစိုက်ပျိုး ထုတ်လုပ်နေ သောခရိုင်တစ်ခုဖြစ်ပြီး ယခုနှစ်မိုးစပါးစိုက်ဧက (၆၇၅၅၉၂) ဧကစိုက်ပျိုးခဲ့ပြီးဖြစ်ပါသည်။ နွေစပါးစိုက် ဧက(၇၉၀၀၃) ခန့် စိုက်ပျိုးရန်လျာထားလျက်ရှိပြီး လက်ပံတန်းမြို့နယ်တွင် နွေစပါး(၁၂၁၀၀) ဧကခန့် လျာထား စိုက်ပျိုးမည်ဖြစ်ကြောင်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန သာယာဝတီခရိုင် ဦးစီးမှူး ဦးအောင်သိန်း ၊ မိုးညို မြို့နယ်တာဝန်ခံ ဦးဇော်ထွန်း၊ စားသုံး / ထုတ်လုံ တာဝန်ခံ ဒေါ်ခိုင်ခိုင်ရီတို့သည် ၂၀၂၂ ခုနှစ် ၊ ဇန်နဝါရီလ (၂၄) ရက်နေ့ နံနက် ( ၁၀: ၀၀) အချိန်တွင် သာယာဝတီခရိုင် မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ လုပ်ငန်းရှင် ဦးနိုင်ဝင်းနှင့်တွေ့ဆုံ၍ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများအား စားသုံးသူကာကွယ်ရေးဉပဒေနှင့် အညီ ပြည့်စုံစွာဖော်ပြပါရှိစေရေး ဆွေးနွေးခဲ့ပါသည်။
