Main menu

မော်လမြိုင်ကုန်စည်ဒိုင် (လပတ်) အစည်းအဝေး (၁/၂၀၂၂) ကျင်းပ

Powered by Drupal

          မော်လမြိုင်ကုန်စည်ဒိုင် (လပတ်) အစည်းအဝေး (၁/၂၀၂၂) ကို ၂၆.၁.၂၀၂၂ ရက်နေ့ (၁၃:၀၀) ချိန်တွင် မော်လမြိုင်ကုန်စည်ဒိုင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မော်လမြိုင်ကုန်စည်ဒိုင် ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ အသင်းဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ မွန်ပြည်နယ်ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဌနှင့် အသင်းတာဝန်ခံများ၊ Rohmonnya Business Institute မှ ဒါရိုက်တာနှင့် National Enlightenment Institute (NEI) မှ အုပ်ချုပ်မှုဒါရိုက်တာနှင့်အဖွဲ့ဝင်များ၊ စုစုပေါင်း (၂၁) ဦး တက်ရောက်ခဲ့ကြသည်။

          အစည်းအဝေးတွင် မော်လမြိုင်ကုန်စည်ဒိုင်ဥက္ကဌ ဦးအောင်မျိုးဦး က ကုန်စည်ဒိုင်၏ တစ်နှစ်တာကာလအတွင်းပြုလုပ်ခဲ့သော လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ပြီး မော်လမြိုင်ကုန်စည်ဒိုင်၏ အလုပ်အမှုဆောင် ဦးခင်မောင်ရီ က ငါးလုပ်ငန်းကဏ္ဍအထူးပြု စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်ခဲ့သော လေ့လာရေးခရီးစဉ်နှင့် ပတ်သက်၍အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ မော်လမြိုင်ကုန်စည်ဒိုင် ဒု-ဥက္ကဌ ဦးဘုန်းမြင့်က ရော်ဘာလုပ်ငန်း ကဏ္ဍအထူးပြု  စက်ရုံအလုပ်ရုံများသို့ သွားရောက်လေ့လာခဲ့သော လေ့လာရေး ခရီးစဉ်နှင့် ပတ်သက်သည့် အတွေ့အကြုံများ၊ ရော်ဘာသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန၏ Basic Technology (Wet) သင်တန်းအတွက် သင်တန်းသားခေါ်ယူခြင်း ကိစ္စများ၊ မော်လမြိုင်ကုန်စည်ဒိုင်တွင် ရော်ဘာကုန်ဈေးနှုန်းဖော်ပြမှုနှင့် စပ်လျဉ်း၍ ပိုမိုပြည့်စုံသော အချက်အလက်များ တင်ပြနိုင်ရေး စသည့်အချက်များအား ဆွေးနွေးခဲ့ပါသည်။ ထို့နောက် မော်လမြိုင်ကုန်စည်ဒိုင်၏ ၂၀၂၂ ခုနှစ် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းဆောင်တာများအား ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား ( ၁၆:၀၀ ) ချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)