ကုန်သွယ်မှုသတင်းများ
စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးကျော်စိန်ဌေးသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် ကသာမြို့နယ်၊ အင်းတော်သွားသည့် ကားလမ်းနဘေးတွင် တည်ရှိသော ဒေါ်နန်းခင်အုန်း(နရိန္ဒရာ ကုမ္ပဏီ)၏ မျှစ်ခြောက်လုပ်ငန်းသို့ သွားရောက်လေ့လာခဲ့ပါသည်။

၃.၁၂.၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၊မြောင်မြို့နယ်တာဝန်ခံသည် ကုန်သွယ်မှုမြှင့်တင်ရေးနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အလားအလာရှိသော ဒေသတွင်းထုတ်ကုန်တစ်မျိုးဖြစ်သည့် ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်လျှက်ရှိသော မြင်းမူမြို့နယ်၊ ကြော့မင်းကျေးရွာရှိ ကြက်သွန်စိုက်တောင်သူများအား သွားရောက်တွေ့ဆုံမေးမြန်း ဆွေးနွေးခဲ့ပါသည်။

ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာရှိ တောင်သူများသည် ပြောင်း ဈေးကွက်ကောင်း မရရှိသဖြင့် အချိန်တိုအတွင်း တွက်ချေကိုက်သော နေကြာဆီသီးနှံများအား အစားထိုးစိုက်ပျိုးလာကြောင်း သိရှိရပါသည်။ နေကြာဆီသီးနှံမျိုးစေ့များကို စိုက်ပျိုးရေးဦးစီးဌာန၊ တောင်ကြီးမျိုးစေ့ဌာနရုံးမှ ချိတ်ဆက်မှာယူ၍ တောင်သူများထံသို့ လက်ဝယ်ရောက်ဖြန့်ချိပေးနေကြောင်း သိရပါသည်။ မျိုးစေ့မှာ ရေဆင်းစပ်မျိုးဖြစ်ပြီး ကျောက်မဲမြို့နယ်တွင် နေကြာဆီသီးနှံ စိုက်ဧကမှာ မိုးနေကြာ(၁၈၀)ဧကနှင့် ဆောင်းနေကြာ(၈၀

အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာထဲမှာ ပဲပုတ်သီးနှံဟာလည်း တခုအပါအဝင်ဖြစ်ပါတယ်။ ပဲပုတ်ကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေး တိုင်းတို့မှာ အများဆုံးစိုက်ပျိုးပြီးချင်းပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှအပ ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်များ မှာ အနည်းငယ်စိုက်ပျိုးပါတယ်။ ရှမ်းပြည်နယ်(တောင်ပိုင်း)မှာဆိုရင် ပဲပုတ်(မိုး)နဲ့ ပဲပုတ်(ဆောင်း)ဆိုပြီး တစ်နှစ်လျှင်(၂)ကြိမ် စိုက်ပျိုးပါတယ်။ ပဲပုတ်(မိုး)ကို ဇူလိုင်လ မှ ဩဂုတ်လ ထိ စိုက်ပျိုးပြီး စက်တင်ဘာလနဲ့ အောက်တိ

လိမေ္မာ်သည် နိုင်ငံအများစုတွင် ငှက်ပျောနှင့်ပန်းသီးပြီးနောက် အများဆုံးစိုက်ပျိုးကြသော ရှောက်မျိုးရင်းဝင်အပင်တစ်မျိုးဖြစ်တယ်လို့ သိရှိရပါတယ်။ လိမ္မော်သီးမျိုးစိတ် အများအပြားရှိသည့် အနက် ထင်ရှားတဲ့လိမ္မော်မျိုးသုံးမျိုးရှိပါတယ်။ ပထမတစ်မျိုးမှာ အချိုမျိုး၊ ဒုတိယတစ်မျိုးမှာ ကမ္ဗလာသီးခေါ် လိမ္မော်သီး အငယ်စားဖြစ်ပြီး တတိယတစ်မျိုးမှာ လိမ္မော်ယိုပြုလုပ်ရတဲ့ အခါးမျိုးတို့ ဖြစ်ကြပါတယ်။ မ
