Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
30 Dec 2021

             ပဲခူးတိုင်း‌ဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ဒေသထွက်ခရမ်းချဉ်သီး စံချိန်တင် စျေးကောင်း ရရှိသော်လည်း အထွက်နှုန်း နည်းပါးချိန် ရောက်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရပါသည်။

30 Dec 2021

      ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၌ ကိုဗစ်ကာလအတွင်း ငှက်ပျောဈေးကွက် အနည်းငယ် အေးစက်နေခဲ့ပြီး ယခုအခါ ပြန်လည်ကောင်းမွန်လာနေပြီဖြစ်သည်။ ကိုဗစ်ကာလအတွင်း လမ်းပန်း ဆက်သွယ်ရေးအခက်အခဲများ၊ အလှူပွဲ၊ မင်္ဂလာပွဲများနှင့် ပွဲလမ်းသဘင်များနည်းပါးခြင်းကြောင့် ငှက်ပျောသီး ဈေးနှုန်း ကျဆင်းခြင်း၊ အရောင်းအဝယ်အေးစက်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ပဲခူးမြို့၊ ညောင်ဝိုင်း၊ ဈေးကြီးတွင် ငှက်ပျောသီးရောင်းဝယ်သူ ကုန်သည်တစ်ဦးကပြောကြားခဲ့ပါသည်။

30 Dec 2021

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၌ ချင်းများ ရာသီပေါ်ထွက်ရှိ သော်လည်း ကုန်စည်ဒိုင်မရှိ၍  မြို့မဈေးကြီးတွင်သာ ကျပန်းစနစ်ဖြင့် အရောင်းအဝယ်ပြုလုပ်နေ ကြောင်းနှင့် ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်အုပ်စုများဖြစ်သော လွိုင်မွေအုပ်စု၊ ကတ်ထိုက်အုပ်စုနှင့် ပင်းတောက်အုပ်စုများတွင် ချင်းကို မိုးဥတုနှင့်ဆောင်းဥတု တစ်နှစ်လျှင် နှစ်ကြိမ်ကျ အများဆုံး စိုက်ပျိုးလျှက်ရှိကြောင်းနှင့် ကျိုင်းတုံမြို့နယ်မှ ပိုလျှံသောချင်းများကို မိုင်းခတ်မြို့နှင့် မိုင်းလားမြို့သိ

30 Dec 2021

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၏ ဒေသခံအများစုသည် တောတောင်ရေမြေသဘာဝကောင်းမွန်၍ ရာသီသီးနှံအလိုက် စိုက်ပျိုးရေးအဆင်ပြေသောကြောင့် လယ်ယာနှင့် ရော်ဘာစိုက်ပျိုးခြင်းကို အဓိကထားလုပ်ကိုင်ကြသည်။ ဘဏ္ဍာနှစ် ၂၀၂၀-၂၀၂၁ခုနှစ် တွင် မိုင်းယောင်းမြို့ရှိ ရော်ဘာစိုက်ဧက (၁၇၈၆၇)ဧကခန့်ရှိပြီး ရိတ်ဧက(၅၂၀၄)ဧက အစေးခြစ်၍ (၂၇၃၀၅၅၆)ပေါင်ထွက်ရှိကြောင်း သိရှိရပါသည်။ နှစ်စဉ် ဧပြီလ (တတိယပတ်)မှ နိုဝင်ဘာလကုန် အထိ ရော်ဘာအစေးခြစ်ခြင်းကိုလုပ်ကိုင်ပြီး ကျန်(၄)လအတွင်း နှစ်ရှည်ပင်များ ဖြစ်သည့်အလျှေက

28 Dec 2021

တရုတ်နိုင်ငံ

ပြည်ပမှသွင်းကုန်ပစ္စည်းများတင်သွင်းမှုပိုမိုများပြားလာခြင်း

Pages