Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
09 Jun 2022

            ကလေးမြို့နယ်တွင် စပါးဈေးနှုန်းများအနေဖြင့် ဧည့်စပါး ( ၁၆ ) ပြည်တစ်တင်းလျှင် ( ၈၅၀၀ ) ကျပ်၊ ငစိန်စပါး ( ၁၆ ) ပြည်တစ်တင်းလျှင် ( ၈၀၀၀ ) ကျပ်၊ ဧရာမင်းစပါး ( ၁၆ ) ပြည် တစ်တင်းလျှင် ( ၁၀၀၀၀ ) ပေါက်ဈေးနှုန်းရှိပြီး ဆန်ဈေးနှုန်းများအနေဖြင့် ဧည့်ဆန် ( ၂၄ )ပြည် တစ်အိတ်လျှင် ( ၂၇၀၀၀ ) ကျပ်၊ ငစိန်ဆန် ( ၂၄ ) ပြည် တစ်အိတ်လျှင် ( ၂၆၅၀၀ ) ကျပ်၊ ဧရာမင်းဆန် ( ၂၄ ) ပြည် တစ်အိတ်လျှင် ( ၃၇၀၀၀ ) ကျပ် ဈေးနှုန်းဖြင့် ဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

09 Jun 2022

               စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် သုတေသနဌာနခွဲအနေဖြင့် သီးနှံများ၏ဈေးနှုန်းဆိုင်ရာ အချက်အလက်များနှင့် အရောင်းအဝယ်ဖြစ်မှုစာရင်းများကို ရွှေဘိုမြို့၊ ပဲပွဲစားများကထိန်တော် အသင်းမှတာဝန်ရှိသူများနှင့်  ချိတ်ဆက်၍ ပေးပို့ဆောင်ရွက်လျှက် ရှိပါသည်။

08 Jun 2022

              ပြည်တွင်းထုတ်ကုန်များ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့်  ဝန်ထမ်းများသည် (၆.၆.၂၀၂၂) ရက်နေ့ (၁၅း၀၀) နာရီ အချိန်တွင် ဘားအံမြို့၊ ထုံးအိုင်စံပြကျေးရွာရှိ အောင်ဆန်းငွေလာ တန်(၆၀)ကျ ဆန်စက်သို့ သွားရောက် လေ့လာခဲ့ပါသည်။

08 Jun 2022

                စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ရည်ညွှန်းလက္ကားစျေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျှက်ရှိပြီး စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မကွေးမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား စက်သုံးဆီတင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေးထားသော စက်သုံးဆီစျေးနှုန်းများအတိုင်း ရောင်းချမှုရှိ/မရှိအား နေ့စဉ်ကွင်းဆင်း စိစစ်ကြီးကြပ်လ

08 Jun 2022

            စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်တွင် ( ၅/၂၀၂၂ ) လအတွင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန် အမေရိကန်ဒေါ်လာသန်း ( ၁.၅၃၇၅ )၊ သွင်းကုန်အမေရိကန်ဒေါ်လာသန်း( ၀.၂၉၁ ) စုစုပေါင်း အမေရိကန်ဒေါ်လာသန်း ( ၁.၆၆၆ ) အမေရိကန်ဒေါ်လာရှိခဲ့ပြီး၊ ပို့ကုန်ပစ္စည်းများအနေဖြင့် စွန်ပလွန်သီး၊ မက်မွန်သီး၊ စီးကရက်နှင့် အခြား နန်းဖာလုံ ကုန်စုံပစ္စည်းများ၊ သွင်းကုန်အနေဖြင့် ဓါတ်မြေသြဇာ၊ ဇီယာစေ့၊ ဆံပင်၊ ဂျုံမှုန့်များ ဖြစ်ကြောင်း၊  ယခင် ( ၄/၂၀၂၂ ) လတွင် ပို့ကုန် အမေရိကန်ဒေါ်လာသန်း ( ၁.၈

Pages