Main menu

မင်းလှမြို့တွင် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် နေ့စဉ် ရောင်းချပေး

Powered by Drupal

    ပဲခူးတိုင်းဒေသကြီးအနောက်ဘက်ရှိ သာယာဝတီခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် မင်းလှမြို့နယ်တွင် ကိုယ်တိုင်စိုက်ပျိုး/မွေးမြူ/ထုတ်လုပ်သူများ၏ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ အသားငါးနှင့် ကြက်ဥ၊  ဒေသထွက်ဟင်းသီးဟင်းရွက်သီးနှံများကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၁၄ရက်နေ့မှစတင်ကာ မြို့မဈေးရှေ့တွင်   နံနက် (၇:၀၀) နာရီအချိန်တွင် သက်သာသေဈေးနှုန်းဖြင့် နေ့စဉ် ရောင်းချပေးခဲ့ပါသည်။

   ထိုသို့ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဋ္ဌ ဦးစိုးထွဋ်၏ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုး‌ရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတို့သည် ကိုယ်တိုင်စိုက်ပျိုး/မွေးမြူ/ထုတ်လုပ်သူများနှင့်ပူးပေါင်းကာ အခြေခံစားကုန်များကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးအတွက် ဆန်တစ်ပြည်လျှင် ၂၅၀၀ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ၅၁၀၀ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ ကြက်သားတစ်ပိဿာလျှင် ၉၀၀၀ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၁၃၀၀၀ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၂၂၀ကျပ်၊ ဒေသထွက်ဟင်းသီးဟင်းရွက်သီးနှံများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)