ကုန်သွယ်မှုသတင်းများ
ယခု ဖေဖော်ဝါရီလအတွင်း ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဟင်းသီးဟင်းရွက်များ ဈေးနှုန်းအနည်းငယ်ကျဆင်းနေသော်လည်း မရမ်းသီးမှာ ပေါ်ဦးစအချိန်ဖြစ်သည့်အတွက် (၁)ပိဿာလျှင် (၃၅၀၀၀)ကျပ်ဖြင့် ဈေးကောင်းရရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကရင်ပြည်နယ် တောင်ငူမြို့မှ မှာယူရောင်းချလက်ရှိနေသော မရမ်သီးများကို ထောင်း၍သော် လည်းကောင်း၊ ပုဇွန်ခြောက်များဖြင့်ရောကာ သုပ်စား၍သော်လည်းကောင်း ၊အသား ၊ ငါးများ နှင့်တွဲကာ ချက်၍သော်လည်းကောင်း အမျိုးမျိုးပြုလုပ်ကာ ချက်ပြုတ်စားသောက်၍ ရသည့် အတွက် ယခုရ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ စဉ့်ကိုင်မြို့နယ်အနေဖြင့် စိုက်ပျိုးရေး ကိုအခြေခံပြီး သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ကုလားပဲ(ဆောင်း)သီးနှံကို ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် စဉ့်ကိုင်မြို့နယ်၌(၁၆၃၀၄)ဧက ၊ စိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင်ကြေးတိုင် နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည် ။ ကုလားပဲ(ဆောင်း)ကို အောက်တိုဘာလ တွင်မိုးရေအစိုဓါတ်ဖြင့်စိုက်ပျိုးကြသလို အချို့တောင်သူများမှာ ရေစက်များဖြင့် ရေတင်၍လည်း စိုက်ပျိုးကြကြေ

ကျောက်ဆည်မြို့ပေါ်စျေးများအတွင်းရှိ ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သည့် မရမ်းသီးများအား အခြားကုန်စိမ်းများနှင့်အတူ တစ်နိုင်တစ်ပိုင်မှာယူရောင်းချပေးရာတွင် စျေးကောင်းရရှိလျှက်ရှိ ကြောင်းသိရှိရပါသည်။ရာသီစာမရမ်းသီများအား တစ်ပိဿာလျှင် လက်ကားစျေးအနေဖြင့် (၂၀၀၀၀-၂၅၀၀၀)ကျပ်၊ လက်လီစျေးအနေဖြင့် တစ်ပိဿာလျှင်(၃၀၀၀၀/-)ကျပ်ဖြင့်ရောင်းချလျှက်ရှိကြောင်း၊ ကုန်စိမ်းသည်များအနေဖြင့်လည်း ၁၀ကျပ်သား အထုပ်ကလေးများထုပ်၍ တစ်ထုပ်လျှင် (၃၀၀၀- ၃၅၀၀)ကျပ်ဖြင့် အရောင်းသွက်ကြောင်း ၊ မရမ်းသီးအမှည့်များ

အညာဒေသတွင်ညောင်ချဉ်ရွက်၊ညောင်ချိုရွက်များစတင်ထွက်ပေါ်လျက်ရှိပါသည်။ဈေးကွက် ဝယ်လိုအားရှိပြီး စားသုံးသူများ ကြိုက်နှစ်သက်သော ညောင်ချဉ်ရွက် ၊ ညောင်ချိုရွက် များကိုခူး၍ ရေနွေးဖျောကာ အပုံလေးများပုံ၍ ရောင်းချကြသလို ပိဿာဖြင့်လည်း ရောင်းချကြကြောင်း ၊ ဖေဖော်ဝါရီလ ဒုတိယပတ် မှ စတင်ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ၊ ညောင်ချဉ်ရွက် ၊ ညောင်ချို ရွက်ရောင်းချသူများ နေ့စားအလုပ်သမားများမှ ခူးဆွတ်၍ ရောင်းချခြင်းဖြစ်ကြောင်း ၊ ညောင်ချဉ် ရွက်၊ညောင်ချိုရွက် အနေတော်(၁)ပုံလျှင်(၅၀၀-၁၀၀၀)ကျပ်အထိ ရောင်းချ

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းပြီး စားဖိုဆောင် သီးနှံတစ်မျိုးဖြစ်သော ငရုတ်သီးနှံကိုလည်းစိုက်ပျိုးကြပါသည်။ခရိုင်အတွင်း ငရုတ်(ဆောင်း)စိုက်ဧက (၅၀၇၄)ဧက ၊ရိတ်ဧက(၆၂၁)ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။စိုက်ပျိုးမှုအနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခ အပါအဝင် (၁၅)သိန်း ကျပ်ခန့်ကုန်ကျကြောင်း၊ငရုတ်ကို ပျိုးထောင်၍ ဘောင်စိုက်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊၂၀၂၄ ခုနှစ်၊ သြဂုတ်လကုန်ပ
