
ယခု ဖေဖော်ဝါရီလအတွင်း ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဟင်းသီးဟင်းရွက်များ ဈေးနှုန်းအနည်းငယ်ကျဆင်းနေသော်လည်း မရမ်းသီးမှာ ပေါ်ဦးစအချိန်ဖြစ်သည့်အတွက် (၁)ပိဿာလျှင် (၃၅၀၀၀)ကျပ်ဖြင့် ဈေးကောင်းရရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကရင်ပြည်နယ် တောင်ငူမြို့မှ မှာယူရောင်းချလက်ရှိနေသော မရမ်သီးများကို ထောင်း၍သော် လည်းကောင်း၊ ပုဇွန်ခြောက်များဖြင့်ရောကာ သုပ်စား၍သော်လည်းကောင်း ၊အသား ၊ ငါးများ နှင့်တွဲကာ ချက်၍သော်လည်းကောင်း အမျိုးမျိုးပြုလုပ်ကာ ချက်ပြုတ်စားသောက်၍ ရသည့် အတွက် ယခုရာသီတွင် လူကြိုက်များ ခံတွင်းမြိန်သည့် ဟင်းလျာတစ်မျိုးဖြစ်ပါသည်။ မရမ်းသီးပေါ်ချိန်ဖြစ်၍ ဈေးကောင်းရသော်လည်း တစ်ရက်နှင့်တစ်ရက် ဈေးနှုန်းများကွာခြားမှုများရှိ နိုင်ပါကြောင်း မရမ်းသီးရောင်းချသူ ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(ကယား)