ကုန်သွယ်မှုသတင်းများ
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် တွင်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ကွမ်းခြံများကို မိမိတို့ယာကွက်များ၌လည်း ကောင်း၊ နေအိမ်ခြံဝင်းများ၌လည်းကောင်း မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးကြကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံများ အပြင် ဘိလပ်စေ့သီးနှံများလည်း စိုက်ပျိုးကြောင်း၊ ဘိလပ်စေ့သီးနှံများသည် ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိပြီး ဖေဖေါ်ဝါရီလ ဒုတိယပတ်အတွင်း ဈေးနှုန်းများမှာ ဘိလပ်စေ့တစ်တင်းလျှင် (၅၆၇၀၀)ကျပ်၊ ဘိလပ် စေ့အညံ့တစ်တင်းလျှင်(၅၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော ဘိလပ်စေ့များကို ရွှေဘိုမြို့န

စတော်ဘယ်ရီသီးကို ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့၊ဆီဆိုင်၊ဆိုက်ခေါင်နှင့်မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် တို့တွင်အများဆုံး စိုက်ပျိုးကြပြီး အခြားဒေသများတွင်လည်း တစ်နိုင် တစ်ပိုင် စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ စတော်ဘယ်ရီသီး အမျိုးအစားများမှာ အမာသီး၊ ချိုမွှေးသီး နှင့်ထိုင်ဝမ်သီး ဟူ၍(၃)မျိုးရှိပြီး လွိုင်ကော်မြို့ သီရိ မဂႅလာယာယီဈေးတွင် အမျိုးအစား (၃)မျိုးလုံးကိုရောင်းချလျှက်ရှိပါသည်။ လွိုင်ကော်မြို့ သီရိမဂႅလာယာယီဈေးတွင် ရောင်းချလျက်ရှိသော ဈေးနှုန်းများမှာ စတော်ဘ

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကန့်ဘလူခရိုင်အတွင်းရှိ သီးနှံစိုက်ပျိုးသူများက ဝယ်ယူအသုံး ပြုလျက်ရှိကြောင်း သိရသည်။

ကန့်ဘလူမြို့၊ မြို့မဈေးတွင်ရောင်းချနေသော ရေထွက်ကုန်ပစ္စည်းများမှာ ရန်ကုန်မြို့ မှမှာယူရောင်းချကြကြောင်း သိရှိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၏ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင်ရောင်းချနေသော ရေထွက်ကုန် ပစ္စည်းဈေးနှုန်းများမှာ ပုဇွန်ခြောက်(အချို)(၁)ပိဿာလျှင် (၈၀၀၀၀မှ၉၂၀၀၀)ကျပ်၊ ငါးပုတ်သင် ခြောက်(၁)ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ ငါးကြီးသားခြောက်(၁)ပိဿာလျှင် (၈၄၀၀၀)ကျပ်၊ မြီးဆံ သွယ်ခြောက်အငံ(၁)ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ မြီးဆံသွယ်ခြောက
