Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
17 Feb 2025

           ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့၊ (၉း၀၀)နာရီ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင် ရပ်ကွက်၊ ရေးလမ်းရှိ ‌ရွှေမြင့်မိုရ်ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့်  Myanmar Oil Alliance Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၉၀)ပေပါကို ယာဥ်မောင်းဦးဝင်းခိုင်၊ ယာဉ်အမှတ် 6D-7081/ Nissan Diesel မော်‌တော်ယာဉ်ဖြင့်တင်ဆောင်၍ ရောက်ရှိလာရာ စားသုံးသူရေးရာဦးစီး

17 Feb 2025

ရက်စွဲ၊ ၁၄..၂၀၂၅

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥ နှင့် ဖရဲသီးများ ကို  မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိ ကြောင်းသိရ သည်။

17 Feb 2025

           တနင်္သာရီတိုင်းဒေသကြီးတွင် အုန်းပင်သည် အလွန်ပင်များပြားသောအပင်တစ်မျိုးဖြစ် သည်။ အုန်းပင်ကို မြန်မာနိုင်ငံအနှံ့အပြားနှင့်ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာ အများအ ပြား ပေါက်လေ့ရှိသည်။ မြိတ်မြို့အတွင်းရှိ အုန်းသီးနုရည်ကို ဆိပ်ငယ်စျေးကြီးများနှင့် အချိုရည်ဆိုင်များတွင်ပါ ရောင်းချကြောင်းသိရှိရပါသည်။ အုန်းသီးနုရောင်းချရန်အတွက် အုန်းသီးများမှာဒေသတွင် စားသုံးသူများသောကြောင့် စျေးကွက်ချဲ့ထွင်သူများလည်း အလွန် ပင်များပြားလှပါသည်။ အုန်းသီးနုများကို အုန်းချိုမွှေးနှင့် အုန်းဂျယ်လီမျာ

17 Feb 2025

          သီးနှံရာသီအသစ်မှ ထွက်ရှိသော ဆန်စပါးများ ဈေးကွက်ဝင်ရောက်မှု များပြားပြီး ဝယ်ယူမှုများ နှောင့်နှေးလျက်ရှိမှုနှင့်အတူ အိန္ဒိယ၏ ဆန်ပို့ကုန်ဈေးနှုန်းများသည် ဖေဖော်ဝါရီလ ဒုတိယရက်သတ္တပတ်၌ ဆက်လက်ကျဆင်းခဲ့ပြီး ၁၉ လအတွင်း အနိမ့်ဆုံးဈေးနှုန်းသို့ ရောက်ရှိခဲ့ သည့်နည်းတူ ဗီယက်နမ်၏ ဆန်ပို့ကုန်ဈေးနှုန်းများသည်လည်း ၂ နှစ်အတွင်း အနိမ့်ဆုံးသို့ ရောက် ရှိလာကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။

17 Feb 2025

          မလေးရှားနိုင်ငံ၌ စပါးစံပြုအခြေခံဈေးနှုန်းကို မက်ထရစ်တစ်တန်လျှင် ရင်းဂစ်ငွေ ၁၃၀၀ နှုန်း သတ်မှတ်ထားရာမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှစတင်၍ ရင်းဂစ် ၁၅၀၀ နှုန်းသို့ တိုးမြှင့်မည်ဟု စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီး Datuk Seri Mohamad Sabu က ထုတ်ဖော်ပြောကြားခဲ့သည်။

Pages