ကုန်သွယ်မှုသတင်းများ
ဖေဖော်ဝါရီလ ဒုတိယပတ်တွင် သုံးခွမြို့နယ်၌ အခြေခံစားသောက်ကုန် များဖြစ်သော ဆန်ကြမ်း၊ ဆန်ချောအမျိုးအစားအလိုက် (ထိပ်စ၊လတ်စ၊နိမ့်စ) ဧည့်မထဆန်(သစ်) တစ်ပြည် လျှင်(၃၃၀၀-၃၆၀၀)ကျပ်ထိ၊ ဧရာဝတီပေါ်ဆန်း(သစ်)တစ်ပြည်လျှင်(၅၀၀၀-၅၅၀၀)ကျပ်၊ ကြားပျံ (သစ်) တစ်ပြည် လျှင်(၅၀၀၀-၅၅၀၀)ကျပ်ထိလည်းကောင်း၊ စားအုန်းဆီတစ်ပိဿာ လျှင် ယခင်အပတ်တွင် (၇၆၅၀)ကျပ် ဖြစ်ပြီး ယခုအပတ်တွင်(၇၅၅၀)ကျပ်ဖြစ်၍ စားအုန်းဆီဈေးနှုန်း မှာ အနည်းငယ်ဈေးနှုန်းကျဆင်းသွားပါသည်။ ပဲဆီတစ်ပိဿာလျှင် (၁၉၀၀၀-၂၀၀၀၀)ကျပ် ၊ ကြက်သွန်နီ
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ (၁၀)ရက်နေ့တွင် ခရမ်းမြို့နယ်၌ အခြေခံစားသောက်ကုန် များဖြစ်သော ဆန်ကြမ်း၊ ဆန်ချောအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ဧည့်မထအုပ်စု ဆန်သစ် တစ်ပြည်လျှင် ၃၂၀၀ မှ ၃၅၀၀ ကျပ်ထိ၊ ဧရာဝတီပေါ်ဆန်းနှင့် ကျားပျံဆန်ချော (အသစ်)တစ်ပြည်လျှင် ၅၄၀၀ မှ ၅၇၀၀ ကျပ်ထိ၊ ငစိန်အုပ်စု ပုသိမ်ရာကျော်ဆန်သစ်တစ်ပြည်လျှင် ၂၈၀၀ မှ ၃၀၀၀ ကျပ်ဖြင့်လည်းကောင်း စားအုန်းဆီ(၁)ပိဿာလျှင် ယခင်ပတ်တွင် ၇၇၀၀ ကျပ်နှင့် ယခုပတ်တွင် (၇၆၀၀) ကျပ်ဖြစ်ကြောင်း သိရသည်။

ရက်စွဲ၊ ၁၄.၂.၂၀၂၅

ရက်စွဲ၊ ၁၄.၂.၂၀၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥ နှင့် ဖရဲသီးများကို မန္တလေးမြို့မှ မှာယူ ရောင်းချလျက်ရှိ ကြောင်းသိရ သည်။

ရက်စွဲ၊ ၁၄.၂.၂၀၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိမိတို့ နေအိမ်ဝင်းအတွင်းနှင့်လယ်ယာမြေများထဲတွင် တစ်ပိုင်တစ်နိုင်အနေဖြင့် စားတော်ပဲစိမ်းကို စိုက်ပျိုးပြီး ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကာ ဈေးကောင်ရရှိ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရ သည်။
