ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံများလည်း စိုက်ပျိုးကြကြောင်း၊ မိုးစိုက်နေကြာနှင့် ဆောင်းစိုက်နေကြာဟူ၍(၂)မျိုးရှိကြောင်း ဆောင်းနေကြာ ကို ရာသီဥတုပေါ်မူတည်၍ အောက်တိုဘာလတွင် စတင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလတွင် ရိတ်သိမ်းရကြောင်း၊ ဈေးကွက်အနေဖြင့် နေကြာသီးနှံများကို ကန့်ဘလူမြို့နှင့်ဇီးကုန်းမြို့တို့ရှိ ပွဲရုံများမှ ရွှေဘိုမြို့၊ မန္တလေးမြို့များရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

ရွှေဘိုမြို့ရှိ ဈေးများတွင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းသီးခြောက်များကို ရောင်းချလျက်ရှိပါသည်။ ခရမ်းသီးမျိုးများမှာ ပဒေသာသီး(ခေါ်)ခရမ်းညိုသီး၊ အက်တောသီးနှင့် ခရမ်းသီး(အစိမ်း)သီးဟူ၍ (၃)မျိုးရှိကြောင်း၊ ခရမ်းသီးများလှိုင်လှိုင်ပေါ်သည့်အချိန်တွင် နေပူ အခြောက်လှမ်းကာ ရောင်းချကြကြောင်း၊ ပေါ်ဉီးပေါ်ဖျားခရမ်းသီးခြောက်များမှာ တပို့တွဲလမှ စတင်၍ လှိုင်လှိုင်ပေါ်ကြောင်း၊ ခရမ်းသီးခြောက်များကို နှစ်ပေါက်စားသုံးရန်နှင့် လက်ဆောင်ပေးရန် ဝယ်ယူကြကြောင်း၊ ခရမ်းသီးခြောက်မျ

ငါးရံ့သည် အသားကျစ်လစ်၍ အရိုးနည်းသည့်အတွက် စားသုံးမှုများသည့်အပြင် အခြောက် လှမ်း၍ ရသော ငါးရံ့ခြောက်ကိုလည်း လူအများက နှစ်သက်စွာ စားသုံးကြသည်။ ငါးရံ့ခြောက်များကို ထမင်းဆိုင်များ၊ စားသောက်ဆိုင်များ နှင့် လက်ဆောင်ပေးရန်အတွက် ဝယ်ယူကြပါသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်တွင် ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ငါးရံ့ ဈေးနှုန်းများ အနေဖြင့် ငါးရံ့ (အကြီး ) တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၅၀၀၀)ကျပ် နှင့် (၂၅ ) ကျပ်သားလျှင် (၈၀၀၀) ကျပ်၊ ငါးရံ့(အသေး)တစ်ပိဿာလျှင်(

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ရှိ မြို့မဈေးကြီးနှင့် ကြက်သွန်ရောင်းချသည့် ပွဲရုံများတွင် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (ဒုတိယ)အပတ်မှ စတင်၍ ကြက်သွန်ဖြူ (အသစ်)များ စတင် ဝင်ရောက်လျက်ရှိပါသည်။ ကြက်သွန်ဖြူ(အသစ်)များမှာ ဝက်လက်မြို့နယ်ရှိ ရွှေပန်းကုန်းရွာ၊ သမံသာရွာ၊ ကျောက်တိုင်ရွာများမှ လာရောက် ရောင်းချချကြ သည့်အပြင် ရေဦးမြို့နယ်များမှလည်း လာရောက်ရောင်းချချကြောင်း သိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ရှိ ဈေးများတွင် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (ဒုတိယ)အပတ်မှ စတင်၍ ကြက်သွန်နီ (အသစ်)များ စတင်ဝင်ရောက်လျက်ရှိပါသည်။ ကြက်သွန် နီ(အသစ်)များမှာ ဝက်လက်မြို့နယ်ရှိ သမံသာရွာ၊ မင်းကျီရွာနှင့် ကျောက်တိုင်ရွာများမှ လာရောက် ရောင်းချချကြသည့်အပြင် ရေဦးမြို့နယ်များမှလည်း လာရောက်ရောင်းချချကြောင်း သိရှိရပါသည်။
