
ငါးရံ့သည် အသားကျစ်လစ်၍ အရိုးနည်းသည့်အတွက် စားသုံးမှုများသည့်အပြင် အခြောက် လှမ်း၍ ရသော ငါးရံ့ခြောက်ကိုလည်း လူအများက နှစ်သက်စွာ စားသုံးကြသည်။ ငါးရံ့ခြောက်များကို ထမင်းဆိုင်များ၊ စားသောက်ဆိုင်များ နှင့် လက်ဆောင်ပေးရန်အတွက် ဝယ်ယူကြပါသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်တွင် ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ငါးရံ့ ဈေးနှုန်းများ အနေဖြင့် ငါးရံ့ (အကြီး ) တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၅၀၀၀)ကျပ် နှင့် (၂၅ ) ကျပ်သားလျှင် (၈၀၀၀) ကျပ်၊ ငါးရံ့(အသေး)တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀) ကျပ်သား လျှင် (၁၀၀၀၀)ကျပ် (၂၅)ကျပ် သားလျှင် (၅၀၀၀)ကျပ်၊ ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)